to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
A Body That Works
နီကိုလာက စိတ်မနှံ့တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေရဲ့ စပျစ်ခြံအလုပ်တွေကိုလည်း ဝင်မကူ သူ့ကိုယ်ပိုင်ခွေးနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေ့ရှိတယ်။ ညဘက်တွေဆိုလည်း ခွေးတစ်ကောင်နဲ့ ရွာထဲကိုလျှောက်သွားတတ်ပြီး လူတွေ လမ်းကြားထဲမှာ ရန်ဖြစ်နေတာမြင်ရင် သူက ကြောက်လို့ထွက်ပြေး… လူတွေက သူထွက်ပြေးတာကိုမြင်တော့ သူက ရွာသားတွေကို လိုက်ချောင်းနေတာလားဆိုပြီး အတွေးရောက်စရာတွေဖြစ်ကုန်တော့တယ်။ဒီလိုနဲ့ တစ်နေ့ သူတို့ရွာထဲက ရွာသားတစ်ယောက်ရဲ့ ပန်းပုရုပ်ထုတစ်ခုကို လူတစ်ယောက်က ညဘက်ကြီး ခေါင်း-ဖြတ်သွားတဲ့အခါ… နောက်ညတွေမှာလည်း အခြားပန်းပုရုပ်တွေပါ ဖျက်စီးခံလာရတဲ့အခါ… တစ်ရွာလုံးရဲ့ စွပ်စွဲချက်တွေက နီကိုလာဆီကို စုပြုံပြီးရောက်လာတော့တယ်။ တကယ်ပဲ နီကိုလာက ရွာကပစ္စည်းတွေကို ဖျက်စီးနေတာလား? ဘယ်သူကလုပ်နေတာလဲ?
Genre: Drama
Actor: , , , , , , , , , , , , ,
Director: , , ,
Writer:
Country: Germany
Release: 2023-05-06
Duration: 106 Min
Quality: HD
Rating: 1
0
Copyright 2024