to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
All Lives
ခင်ဗျားတို့ဘဝထဲမှာ ဘာမှမလုပ်နိုင်မကိုင်နိုင်တော့ဘဲဆေးသက်သက်နဲ့ အသက်ဆက်ပြီး လှဲနေရုံကလွဲ ဘာမှမထူးတော့တဲ့ လူတွေရှိဖူးမလားမသိဘူး။ကျွန်တော့်အဘွားကတော့ အဲဒီလိုနှစ်နည်းနည်းနေသွားခဲ့တယ်။သူ့အကြောင်းတွေးမိရင် ဒီလောက်ထိ ဆွဲဆန့်ထားကြဖို့မကောင်းဘူးလို့ အမြဲတွေးမိတယ်။ ကိုယ်တိုင်ဖြစ်ခဲ့ရင်လည်းတစ်ခါပဲ သေလိုက်မယ်ဆိုတဲ့ အတွေးမျိုးပဲရှိခဲ့တယ်။ဒီရုပ်ရှင်ကတော့ ဘဝရဲ့နောက်ဆုံးအချိန်မှာ ဝေဒနာတွေအတိနဲ့ပဲ ရှင်သန်နေရတဲ့လူတွေနဲ့ သူတို့ကို ကုသေပေးနေတဲ့ဆရာဝန်တွေကြားထဲအကြောင်းအရာပါပဲ။ ဝေဒနာခံစားရုံသက်သက်အတွက် အသက်ဆက်နေရတဲ့ဒီလူတွေကတော့ ဘယ်လိုမှ ဆက်မရှင်ချင်ကြပါဘူး။ဒါပေမဲ့လည်း ဒီလိုရှင်သန်ရတာက တန်လားမတန်လားသေသင်လား မသေသင့်သလား။ဘာအကြောင်းအတွက် အသက်ဆက်ရှင်သင့်လဲဆိုတာကိုဒီရုပ်ရှင်မှာ သူ့အမြင်နဲ့သူပြသွားတယ်။ဒီကားရဲ့ပွိုင့်ကတော့ ကောင်းပေမဲ့ ကျွန်တော့်စိတ်ကတော့မပြောင်းသွားခဲ့ပေမဲ့ ဒီကားဟာ ဒီကားထဲက ဇာတ်ကောင်တွေနဲ့ထပ်တူညီတဲ့ ခံစားချက်ရှိချင်ရှိလောက်မယ့်လူတွေအတွက်ပေါ့။
Genre: Drama
Actor: Satoshi Tsumabuki , Ken Watanabe , Tomoyo Harada , Mitsuko Oka , Hikari Mitsushima , Aya Omasa , Tetsushi Tanaka , Yosuke Sugino
Director: , , ,
Writer:
Country: Japan
Release: 2024-05-06
Duration: 109 Min
Quality: HD
Rating: 1
6.5
Copyright 2024