An Organized Killer
ဂရေ့စ်နဲ့ဂျိမ်းစ်တို့ဟာ အိမ်ထောင်ရေးသက်တမ်းတစ်ခု ကြာမြင့်ပြီးတော့မှ
အဆင်မပြေမှုတွေကြောင့် ပူပူနွေးနွေးကွာရှင်းထားတဲ့ ဇနီးမောင်နှံဖြစ်ပြီး
ချာလီလို့ခေါ်တဲ့ ၁၆ နှစ်သမီးလေးတစ်ယောက်ရှိပါတယ်။ဂရေ့စ်ဘက်ကတော့ ဂျိမ်းစ်ကို ဖောက်ပြန်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ခါးသီးနေခဲ့ပေမယ့်
ဂျိမ်းစ်ဘက်ကတော့ ပြန်ပေါင်းထုတ်ဖို့လိုလားနေတာပေါ့။ဒီလိုနဲ့ တရားဝင်ကွာရှင်းပြီး ပိုင်ဆိုင်မှုတွေခွဲဝေပြီးချိန်မှာဂရေ့စ်နဲ့ချာလီတို့ အိမ်အကြီးကြီးထဲမှာ ၂ ယောက်တည်းနေရဖို့ဖြစ်လာလေတော့
သူငယ်ချင်းတွေရဲ့တိုက်တွန်းချက်နဲ့အတူ သူတို့မိသားစုထဲကိုဝင်ရောက်လာတဲ့
အိမ်ငှားလစ်လစ်သ်ဂျုန်းစ်နဲ့ သကြားမေမေဂရေ့စ်ရဲ့ပူပူနွေးနွေး ရည်းစားအသစ်လေး အဲလက်စ်…..
ဒီလူ ၂ ယောက်က ဂရေ့စ်တို့ရဲ့ အဖုအထစ်များနေတဲ့ အိမ်ထောင်ရေးကို ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲ။
ဂရေ့စ်အကြောင်းတွေအကုန် စုံစမ်းပြီးရောက်လာတဲ့ အကြံသမားလစ်လစ်သ်ရဲ့ ပစ်မှတ်က ဘာများဖြစ်မလဲ။
နဂိုထဲကအဆင်မပြေဖြစ်နေတဲ့ ဂရေ့စ်တို့အိမ်ထောင်ရေးကရော ပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့….တစ်ခါတစ်လေမှာတော့ ကိုယ့်ရှေ့တည့်တည့်မှာရပ်နေတဲ့ရန်သူထက်
နောက်ကျောဓားထိုးမယ့်မိတ်ဆွေက ပိုပြီးကြောက်စရာကောင်းပါတယ်ဆိုတဲ့အချက်လေးကို ရိုက်ပြထားတဲ့
An Organized Killer ဆိုတဲ့ဒီရုပ်ရှင်လေးဟာ ကြည့်ရှုသူပရိတ်သတ်အတွက် တွေးစရာတစ်ခုရသွားစေမှာ အသေအချာပါပဲ။