Annabelle Sethupathi
ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့
အိန္ဒိယသရဲဟာသဇာတ်လမ်းလေးဖြစ်ပါတယ်…
ဇာတ်လမ်းသွားကိုပြောရမယ်ဆိုရင်တော့ စံအိမ်ထဲမှာ ရှိနေကြတဲ့ သရဲတွေအကြောင်းပါပဲ။
ဒီစံအိမ်ကြီးကိုတော့ ဘုရင်ဗီရာစေသူပသီ တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ အလွန်ကိုကြီးကျယ်
ခမ်းနားလွန်းလှသဗျာ… ။ဒါပေမယ့် ဒီစံအိမ်ကြီးထဲမှာတော့ ကာဒီရာဆန်တို့ မိသားစုဟာ ဝိဉာဉ်တွေ
အဖြစ်နဲ့ ပိတ်မိနေကြပါတယ် ဘာလို့ဒီလို ဝိဉာဉ်ဖြစ်နေရလဲဆိုတဲ့ အကြောင်းအရင်းကတော့
သူတို့မိသားစုဟာ စံအိမ်ကြီးထဲမှာနေရင်း ထူးဆန်းစွာ အဆိပ်ခတ်ခံရပြီး သေဆုံးခဲ့ကြတာပါ။
စံအိမ်ထဲမှာကာဒီရာဆန်ရဲ့မိသားစုမဟုတ်တဲ့ရှန်မူဂန်ဆိုတဲ့လူကတော့လပြည့်ညရောက်တိုင်း
သူ့ကိုယ်ထဲကိုထူးဆန်းတဲ့ စွမ်းအင် တွေဝင်လာပြီး အစားအသောက်တွေကိုအဆိပ်ခတ်တာကြောင့်
သေရတာဖြစ်တယ်လို့ပြောပါတယ်။ သူ့ရဲ့အဆိပ်ခတ်တာကနေလွတ်ပြီးအသက်ရှင်သန်နိုင်တဲ့သူမှသာ
အိမ်ထဲကဝိဉာဉ်အားလုံးကိုလွှတ်ပေးနိုင်မယ်လို့လည်းဆိုပါတယ်ဒီတော့ ဒီစံအိမ်ကြီးထဲမှာ ဘယ်လိုမျိုး လျှို့ဝှက်ချက်တွေရှိနေနိုင်မလဲ သူတို့မိသားစုကို လွှတ်ပေးနိုင်မယ့်သူရော တကယ် ထွက်ပေါ်လားမလားဆိုတာ ပရိတ်သတ်ကြီး ဇာတ်လမ်းလေးကြည့်ပီး အပန်းဖြေလိုက်ကြပါဦးဗျာ