to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Ardh
Ardh (2022)IMDb- 7.6/10 ဟာသမင်းသားကြီး Rajpal Yadav ရဲ့ အတည်တစ်ကွက်အောက်မှာ မျက်ရည်ဝေလိုက်ကြပါဦး ချစ်ခြင်းမေတ္တာ ဘဝသရုပ်ဖော်တွေနဲ့ ရင်ထဲထိရတဲ့ ဇာတ်လမ်းရှာနေသူတွေ အကြိုက်တွေ့မဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် အိမ်မက်ဆိုတဲ့အရာက တချို့အတွက်လှေကားတစ်ထစ်ချင်းလျှောက်လှမ်းသွားရင်း ပိုင်ဆိုင်လာရပေမဲ့ တချို့အတွက်တော့ ဘဝတွေအသက်တွေရင်းခဲ့တာတောင် ရမသွားရှာတဲ့လူတွေအပုံကြီးပဲမလား အလှမ်းကွာတဲ့ အိမ်မက်နဲ့ လက်တွေ့ဘဝကို အမိအရဆွဲညှိပြီး ဘဝကိုဆက်ရှင်သန်နိုင်သူတွေနဲ့ကြုံတွေ့လာခဲ့ရင်တော့ ကောင်းကောင်းကြီးအတုယူသင့်တဲ့သူတွေလို့ပြောရင်လည်း မှားမယ်မထင်ဘူးသရုပ်ဆောင်ရရင်ကိုပျော်နေတဲ့ မင်းသားရူးရှီဗာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ရှီဗာ သူဘယ်လောက်ထူးချွန် ၊ ကြိုးစားနေပါစေ အခွင့်အရေးက သူ့ဆီရောက်မလာခဲ့ဘူး တစ်ဖက်မှာလည်း မိသားစုစားဝတ်နေရေးဆိုတဲ့အရာကရှိနေသေးတယ် အိမ်မက်နောက်ကိုပဲ ရူးရူးမူးမူးဆက်လိုက်ရမလား မိသားစုတာဝန်ပဲကျေပွန်အောင်လုပ်ရတော့မလား ဗျများနေချိန် ရှီဗာချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခု…နဂိုတည်းက ခက်ခဲကြမ်းတမ်းပြီးသားသူ့ဘဝမှာ အများအမြင်နဲ့ ဆန်ကျင်ထူးခြားနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်တိုက်ခိုက်ရတဲ့အရာတွေကို တကယ့်လက်တွေ့မှာလည်းသရုပ်ဆောင်ပီပြင်လှတဲ့ မင်းသားကြီးရဲ့ သရုပ်ဆောင်မှုတွေအောက် စီးမျောခံစားကြည့်ပါဦး
Genre: Comedy , Drama
Actor: Rajpal Yadav , Rubina Dilaik , Hiten Tejwani , Kulbhushan Kharbanda
Director:
Writer:
Country: India
Release: 2022-06-10
Duration: 84 Min
Quality: HD
Rating: 0
8
Copyright 2024