to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Ash Is Purest White
ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာအရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကိုအစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ဒီဇာတ်ကားမှာမြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်း ကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒဇာတ်ကားကိုCannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့်ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကိုChinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။
Genre: Crime , Drama , Romance
Actor: Liao Fan , Ding Jiali , Xu Zheng , Zhang Yi , , , , , , ,
Director:
Writer:
Country: France
Release: 2018-09-21
Duration: 141 Min
Quality: HD
Rating: 1
6.862
Copyright 2024