Battery
ဒီတစ်ခါတော့ တမီးလ်ရုပ်ရှင်လေးဖြစ်တဲ့ Batteryဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းရဲ့အစမှာတော့
ရဲအရာရှိပူဂေ့ (Senguttuvan) က ချန်နိုင်းရဲစခန်းမှာ မီးလောင်ထားတဲ့
လူသေလောင်းရှာတွေ့တဲ့အမှုနဲ့ပတ်သတ်ပြီး တွဲဖက်အင်စပက်တာအဖြစ်နဲ့ရောက်လာခဲ့ပါတယ်
ရာထူးမြင့်တဲ့ ရက်သနန်(Jaypee)ကတော့ ပူဂေ့ရဲ့ပူးပေါင်းမှုကို အစမှာမနှစ်မြိုပေမယ့်
အမှုကိုကိုင်တွယ်ရာမှာ ပူဂေ့ရဲ့ထက်မြက်မှုကိုအသိအမှတ်ပြုလာပါတယ်နှလုံးခုန်စက်တပ်ထားတဲ့လူနာတစ်ယောက်ကိုစစ်ဆေးမေးမြန်းရာမှ
လွတ်သွားတဲ့အခါလိုက်ဖမ်းရင်း နှလုံးခုန်စက်တပ်ထားတဲ့သူတစ်ယောက်ကိုရှာနေတဲ့
အဘီရာမီလိုခေါ်တဲ့မိန်းကလေးတစ်ယောက်ကနဲ့ဆုံမိကြပါတယ်
ဒီနှလုံးခုန်စက်က ဒီဇာတ်လမ်း ဒီအမှုမှာ ဘယ်လိုတွေဖြစ်လာမလဲ…
မတူတဲ့နည်းလမ်းတွေနဲ့မျက်နှာဖုံးစွပ်ပြီးလိုက်သတ်နေတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်မလဲ..
သူဘာကြောင့် ဒီလိုလိုက်သတ်နေရတာလဲ
သူ့ကိုဖမ်းမိမလား မဖမ်းမိဘူးလားဆိုတာကို
ဒီBatteryဆိုတဲ့ဇာတ်ကားလေးမှာ မြင်တွေ့ရမှာဖြစ်ပါတယ်