to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Birds Without Names
အထီးကျန်ခြင်းသည် စိတ်ဖိစီးမှု မြင့်တတ်စေသော cortisolဟော်မုန်းကို ထွက်စေသည်ဟုဆေးပညာကဆို ထားပြီး အထီးကျန်ခြင်းကြောင့် ခံစားရသော စိတ်ဝေဒနာသည်ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသော ဝေဒနာထက်မသေးဟုစိတ်ပညာက ပြောပြန်သည်။ ကျွန်တော် မမြင်ဖူးသော နတ်ဘုရားတို့သည်ဒဏ္ဍာရီအတိုင်း အင်အားကြီးသော လူသားတို့အား ထက်ခြမ်းကွဲ၀မ်းနည်းစေခဲ့သည်ဆိုပါစို့။ အထီးကျန်ခြင်းသည် လူသား၏ အားနည်းချက်ဖြစ်ပေမည်။လူသားတစ်ယောက်သည် အထီးကျန်ခြင်းအား ကုစားရန်အလို့ငှာတပါးသောလူသားတစ်ယောက်အား မှီခိုအားထားရသည်။သူတို့ကြားက ပေါင်းကူးတံတားကလေးအား ချစ်ခြင်းဟုခေါ်ပါစေ။ချစ်စိတ် ကိန်း၀ပ်နေသော လူသားသည် အားအကြီးဆုံးဖြစ်သည်ဒီလူသားများ ဘာမဆို လုပ်ရဲလုပ်နိုင်ကြသည်။ ဂျပန်လူမျိူးတို့၏ သင်္ကေတဗေဒအတိုင်းဆိုလျှင်ငှက်တို့သည် ချစ်ခြင်းကို ကိုယ်စားပြုသည်။ အသိအမှတ်အပြု မခံရသော ငှက်ကလေးတစ်ကောင်သည် အမည်နာမကင်းမဲ့ရပြီ။ တစ်ခုသောညနေခင်း၏ တံတားတစ်နေရာတွင် လူနှစ်ယောက်ထိုင်နေကြသည်။သူတို့ရင်ထဲတွင် အချစ်တို့ ရှိနေကြသည်။ သူတို့အသိတွင် မပိုင်ရခြင်းရှိနေကြသည်။ကွာခြားသည်က တစ်ယောက်က ရယူလို၍ တစ်ယောက်က ပေးဆပ်လိုသည်။မည်သူပိုအထီးကျန်မည်နည်း ဆိုသော မေးခွန်းကို မဖြေတတ်ပါ။အနောက်ဘက်ဆီမှ အနက်ရောင်ငှက်များ ပျံတက်လာကြပြီ။တစ်ယောက်သောသူက နှုတ်ဆက်ခွဲခွာသွားခဲ့ပြီ။အနက်ရောင်ငှက်များပျံတက်လာကြပြီ။ ကဗျာဟောင်းကလေးထဲကလိုပင်သံသရာခရီးသည် ရှည်လျားဝေးလံလွန်းလှ၏။ သူ့အချစ်တို့က ဆုံးအောင်လျှောက်ပါလိမ့်မည်…
Genre: Mystery , Drama , Romance
Actor: Yu Aoi , Sadawo Abe , Tori Matsuzaka , Yutaka Takenouchi , Eri Murakawa , Shû Nakajima , , ,
Director: , , ,
Writer: ,
Country: Japan
Release: 2017-10-28
Duration: 123 Min
Quality: HD
Rating: 1
5.714
Copyright 2024