Bros On Foot
Synopsis of Bros On Foot (2023)
Bros on Foot (2023)
ဒီအစီအစဉ်ကတော့ လူ ၄ ယောက်က မစ်ရှင်ဖြင့် ခရီးထွက်ကြမဲ့ Bros on foot ဆိုတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
မစ်ရှင်တစ်ခုပြီးမြောက်တိုင်း Dream Ticket ကို ရရှိမှာပါ။
ထို Dream Ticket ကို အများပြည်သူ ခရီးသွားလာနိုင်ဖို့အတွက် အသုံးပြုမှာဖြစ်ပြီး Ticket များနိုင်သမျှ များအောင် ကြိုးစားရမှာဖြစ်ပါတယ်။
ဒီခရီးသွားအစီအစဉ်မှာ ပါဝင်ကြမဲ့ သူတွေကတော့
– Along with the Gods ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ နာမည်ကျော်ဆုရသရုပ်ဆောင်ဖြစ်တဲ့ မင်းသားကြီး Ha Jung Woo
– နာမည်ကြီး Kingdeom စီးရီးရဲ့ ဇာတ်ဆောင်မင်းသား Ju Ji Hoon
– Hotel Delluna ဇာတ်လမ်းတွဲက မင်းသားချော Yeo Jin Goo နဲ့
– SHINee အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် Choi Minho တို့ပဲ ဖြစ်ပါတယ် ။
“ငါ ဒုက္ခခံပေးမယ်၊ မင်းတို့ခရီးထွက်နိုင်ပါတယ်” ဆိုတဲ့ဆောင်ပုဒ်အတိုင်း
သူတို့ ၄ ယောက်က မစ်ရှင်တွေကို စေတနာထားပြီး တာဝန်သိစိတ်ဖြင့် ပျော်ရွှင်စွာကြိုးစားလုပ်ကြတာကို မြင်တွေ့ရမှာပါ။
အံ့သြဖွယ်ကောင်းတဲ့ ရှုခင်းတွေ၊ စိန်ခေါ်မှုအသစ်တွေနဲ့အတူ သရုပ်ဆောင်များကြားက အံ့သြဖွယ်တွဲဖက်ညီနေမှု တွေကိုလည်း မြင်တွေ့ရဦးမှာဖြစ်လို့ အခုပဲ အတူတူ ကြည့်လိုက်ရအောင်နော် ။