to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Cat and Dog
ဇာတ်လမ်းနာမည်အတိုင်းပဲ ကြောင်နဲ့ခွေးကိုအဓိကဇာတ်ကောင်တွေအနေနဲ့ တွေ့ရမှာဖြစ်ပြီး ကြောင်ကတော့ဒီဗာဆိုတဲ့ နာမည်ကြီးInfluencer ကြောင်ပဲ ဖြစ်ပါတယ်။ခွေးကတော့ ဒီအတိုင်းလမ်းဘေး ခွေးလေးတစ်ကောင်သာဖြစ်ပေမဲ့ ဒီဇာတ်ကားမှာဘယ်လိုအရေးပါလာတာလဲ ဆိုတာကိုပြောရရင်တော့သကြားလုံးပန်းသီးလို့ ခေါ်တဲ့ တန်ဖိုးကြီးပတ္တမြားကို ခိုးလာတဲ့သူခိုးဆီကနေ စားမိသွားလို့ပါပဲ။ဒီတော့ ပတ္တမြားပြန်ထွက်လာတာစောင့်ဖို့ တစ်နည်းပဲ ရှိတော့တဲ့အတွက် သေးခံလေးဝတ်ပေးထားတာကလည်း တော်တော်ချစ်စရာကောင်းပါတယ်။အဲ့ဒီ သူခိုးရဲ့နာမည်ကတော့ ဂျက်ခ်လို့ခေါ်ပြီးအဲ့ဒီရတနာကိုခိုးလာတဲ့အတွက်နယူးယောက်ကိုသွားပြီး ခြေရာဖျောက်ဖို့ပတ္တမြားစားထားတဲ့ ခွေးလေးနဲ့လေဆိပ်ကိုထွက်လာတဲ့အချိန်မှာဒီဗာနဲ့ သူ့ပိုင်ရှင်မိုနီကာနဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ကြောင်လေးနဲ့ခွေးလေးကသက်သက် ပိုင်ရှင်နှစ်ယောက်ကလည်းသက်သက်စွန့်စားခန်းတွေထွက်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ဟာသတွေနဲ့နှောပြီးကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Genre: Comedy , Adventure
Actor: Franck Dubosc , Reem Kherici , Philippe Lacheau , Ins Reg , Artus , Raphalle FugreLarocque , Oscar Desgagns , Lenie Scoffi , Martin Dansky , lisabeth Locas
Director:
Writer:
Country: France
Release: 2024-02-14
Duration: 86 Min
Quality: HD
Rating: 0
5.833
Copyright 2024