to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Chime
Kiyoshi Kurosawaရဲ့ အသစ်ပေါ့။ သူ့အကြောင်း ထပ်မိတ်ဆက်ရရင် ခိရိုရှိက တိုကျိုအနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ, Drive MY Carနဲ့ အော်စကာရခဲ့တဲ့ ရူဆုခဲဟမဂုချိက အဲဒီကကျောင်းဆင်းခဲ့တဲ့ သူ့တပည့်အရင်းကြီးပဲ။ ခိရိုရှိက ဂျပန်ရဲ့ psychological horrorတွေနဲ့ပတ်သက်ရင် နတ်ဘုရားလို့ ပြောရမယ်။ Cure တို့ Pulse တို့ Charisma တို့လို ဂန္တဝင်ဟော်ရာကားတွေကို ရိုက်ခဲ့ဖူးတယ်။ ပြောရရင် ဂျပန်ဟော်ရာတွေ thrillerတွေနဲ့ပတ်သက်ရင် ခိရိုရှိက ကဝေတစ်ပါးပဲ။ ၂၀၂၀တုန်းက Wife of a Spy ဆိုတဲ့ Thrillerတစ်ကားထွက်ခဲ့ပြီး ခု၂၀၂၄ကျ runtimeတော်တော်လေးတိုတဲ့ Horrorကားထွက်လာတယ်။ ဒီ၂ကားမှာ ထူးလာတာက တော်တော်လေး စည်းကပါးလာတာပါပဲ။ ဟော်ရာကား Thrillerကား ရိုက်ထားတယ်လို့ မထင်ရအောင်ကို အရင်ထက် တော်တော်လေးသိမ်မွေ့လာတယ်။ ခု Chimeမှာတော့ ဇာတ်အိမ်တောင်မပါသလောက်ဖြစ်သွားတယ်။ ဇာတ်ကောင်ရဲ့ ဒီပရက်ရှင်နဲ့ စိတ္တဇဆန်လာခြင်းကိုပဲ ချိတ်ဆက်ထားတယ်။ ဇာတ်ဟာ တိုတယ်ထင်ရပေမဲ့ ကျန်တဲ့အရာအားလုံးကို ပယ်ချပြီး ဇာတ်ကောင်ရဲ့ စိတ်ကိုပဲ ကာလတိုအတွင်းပုံဖော်သွားတာဆိုတော့ရှည်နေသလိုလည်း မြင်ရတယ်။ ဒီကားကို ဟော်ရာကားလို့ မြင်ပေးဖို့တော့ တော်တော်များများအတွက် ခက်လိမ့်မယ်။ ဘာပဲပြောပြော ဂုရုကြီးရဲ့ လက်ရာအသစ်ကတော့ အသစ်တော့ ဖြစ်နေတုန်းပါပဲ။
Genre: Horror , Thriller
Actor: Seiichi Kohinata , Junpei Yasui , , Noa Kawazoe , Tomoko Tabata , Ikkei Watanabe , , , ,
Director: , , , ,
Writer:
Country: Japan
Release: 2024-08-02
Duration: 45
Quality: HD
Rating: 1
7.833
Copyright 2024