to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Daaka
ရှင်ဒီ နဲ့ ဘာလီ တို့နှစ်ယောက်ဟာ ဈေးဆိုင်ကြီးတစ်ခုရဲ့မျက်နှာစာမှာ ဖုန်းပြင်ဆိုင်သေးသေးလေးဖွင့်လို့ စားဝတ်နေရေး ဖြေရှင်းကြရသူတွေပါ။ ရှင်ဒီ က အကြံဉာဏ်ကောင်းတွေနဲ့ စီးပွားရေးလုပ်ကိုင်တတ်သူဖြစ်ပြီး ဘာလီ ကတော့ ရှင်ဒီ ပြောသမျှနားထောင်ပြီး ဒိုင်ခံအလုပ်လုပ်ပေးသူ ဖြစ်ပါတယ်။ ဉာဏ်သမားနဲ့ အလုပ်လုပ်သမားပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်က ကျောမွဲလေးတွေပါ။ ဆင်းရဲသား နင်းပြားလေးတွေ။တစ်နေ့မှာ သူတို့မှီခိုနေရတဲ့ ဈေးဆိုင်ကို သူ့ပိုင်ရှင်က ရောင်းချတော့မယ့်အဖြစ်ကို ရောက်လာခဲ့ပါတယ်။ နောက်ရောက်လာမယ့်ပိုင်ရှင်က ဈေးဆိုင်ရှေ့မှာဖွင့်နေတဲ့ သူတို့ရဲ့ဖုန်းပြင်ဆိုင်လေးကို ကြည်ဖြူပါ့မလား မသေချာတာကြောင့် ရှင်ဒီ နဲ့ ဘာလီ တို့ ဈေးဆိုင်ကြီးကို မဖြစ်မနေ ဝယ်ယူရမယ့်အခြေရောက်လာပါတော့တယ်။ရှင်ဒီ ဘက်မှာလည်း ချစ်သူရဲ့ဖခင်က အထင်ကြီးမှုကို အသည်းအသန်လိုအပ်နေလို့ ဈေးဆိုင်ကိုဝယ်မှရမယ့်အချိန်၊ ဘာလီ ဘက်မှာလည်း ချစ်သမီးလေးရဲ့ အစာအိမ်ရောဂါက သိပ်ပြင်းထန်လွန်းလို့ ငွေပုံအောပြီး ကုရမယ့်အခြေရောက်လာတော့ နှစ်ယောက်သား ကြံရာမရဖြစ်ရတာပေါ့။ မတတ်သာတဲ့အဆုံး ရွာထဲကဘဏ်ငယ်လေးတစ်လုံးကို ဓားပြတိုက်ဖို့ ကြံစည်ရပါတော့တယ်။ ရှင်ဒီ ရဲ့ ရွှေချရမယ့်ဦးနှောက်နဲ့ အစီအစဉ်တွေ အားလုံးအဆင်ပြေနေပေမဲ့ လတ်တလောဖမ်းမိထားတဲ့ လူလိမ်ရာဇဝတ်ကောင်ကြီး စူကာချန်း ကို သူ့တပည့်တွေက ရဲစခန်းဝင်စီးပြီး လာကယ်ချိန်နဲ့တိုးလို့ သူတို့ဓားပြမှုလေး အောင်မြင်ကာနီးမှ တစ်ပြားမှမရဘဲပြန်ပြေးခဲ့ရတယ်ပေါ့။ အစိုးရဆီက သန်း (၅၀၀) လိမ်လည်ခဲ့သူကြီး စူကာချန်း ဟာ ကယ်တင်မှု မအောင်မြင်လို့ ရွာထဲမှာပိတ်မိနေပြီး ဓားပြမှုကနေ ပြေးလာတဲ့ ရှင်ဒီ တို့နှစ်ယောက်နဲ့ တိုးမိရာကနေ အပေးအယူတစ်ခုဖြစ်လာပါတယ်။ သူ့ကို ရွာထဲက လွတ်အောင်ထုတ်ပေးနိုင်ရင် ရှင်ဒီ တို့နှစ်ယောက် သန်း (၅၀) ရမယ်တဲ့။ ကဲ ဘာဆက်ဖြစ်မလဲဆိုတာတော့ လူကြီးမင်းတို့ဖာသာ ဆက်ကြည့်လိုက်ပါတော့…
Genre: Action , Comedy , Thriller
Actor: Gippy Grewal , Zareen Khan , Rana Jung Bahadur , Shehnaaz Gill , Prince Kanwaljit Singh , Hobby Dhaliwal , Rana Ranbir , Baninder Bunny , Ravinder Mand
Director:
Writer:
Country:
Release: 2019-11-01
Duration: 140 Min
Quality: HD
Rating: 0
4
Copyright 2024