to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Do You Love Me as I Love You
လူတိုင်းက သူများရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားပြီးအတင်းအဖျင်းတွေ ပြောလေ့ရှိပါတယ် အဲ့လိုပဲဒီကားလေးထဲမှာလည်း ကျောင်းကလူတွေရဲ့ အတင်းအဖျင်းတွေထဲမှာနာမည်ကြီးနေတဲ့ လုံးဝအတွဲမဖြစ်နိုင်ဘူးလို့သတ်မှတ်ထားတဲ့ စုံတွဲစာရင်း (MI စာရင်း) ဆိုတာရှိပါတယ်ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ရှောင်ရှန်းကတော့ ရူပဗေဒမေဂျာကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အရမ်းစိတ်ဝင်စားတဲ့အပြင်သူ့ရဲ့ငယ်သူငယ်ချင်းလေးကျူးဟောက် ကိုကြိတ်ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ပါတစ်နေ့မှာ သူဟာ သူငယ်ချင်းဇုန်ထဲကနေရုန်းထွက်ပြီးအဲ့ဒီကောင်လေးကို ဗေဒင်ယတြာတွေကအစအသေးစိတ်ပြင်ဆင်ပြီးဖွင့်ပြောဖို့လုပ်ထားပေမဲ့သူလုပ်ထားသမျှသဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ်အကြောင်းကတော့ အဲ့ဒီနေ့မှာပဲ ကျူးဟောက်ကတခြားကောင်မလေးကို ဖွင့်ပြောလိုက်တာပါရှောင်ရှန်းရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်ပြီးပြတ်မသွားပါဘူးသူ့ရဲ့ အကြီးမားဆုံးကံဆိုးမှုက အခုမှရောက်လာတာပါအဲ့ဒါကတော့… တစ်ကျောင်းလုံးရဲ့ နတ်ဘုရားမလို့တင်စားရလောက်တဲ့ အင်တာနက်ဆယ်လီ ရီကျင်းကကျူးဟောက်ဖွင့်ပြောချိန်မှာ ကျူးဟောက်သာMI စာရင်းရဲ့ ထိပ်ဆုံးသုံးတွဲကို အောင်သွယ်ပေးနိုင် မယ်ဆိုရင်တွဲမယ်လို့ပြောလိုက်တာပါပဲဒီလိုနဲ့ ပိုချစ်ရတဲ့လူက ရှုံးရတယ်ဆိုတဲ့အတိုင်း ကြိတ်ကြွေနေတဲ့ရှောင်ရှန်းလေးတစ်ယောက် ကျူးဟောက်ကိုကူညီပေးရပါတော့တယ် ကဲ ဒီတော့ ကျူဟောက်နဲ့ရှောင်ရှန်းတို့နှစ်ယောက် လုံးဝတွဲဖို့မဖြစ်နိုင်ပါဘူးလို့တွေးရလောက်တဲ့ထိ အကျင့်စရိုက်တွေဆန့်ကျင်ဖက်ကွဲပြားနေတဲ့ အတွဲသုံးတွဲကို ဘယ်လိုတွေအောင်သွယ်ပေးမလဲရှောင်ရှန်းလေးရဲ့အချစ်ရေးကရောဘယ်လိုဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားရင်တော့ ဒီဇာတ်လမ်းလေးကို အခုပဲကြည့်လို့ရပါပြီနော်
Genre: Drama , Romance
Actor: Cheryl Yang , Jag Huang Chien-Wei , He-Hsuan Lin , , , , , ,
Director:
Writer:
Country: Taiwan
Release: 2020-08-21
Duration: 109 Min
Quality: HD
Rating: 1
6.833
Copyright 2024