to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Dormitory
ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ ခံစားချက်တွေကို ဖိနှိပ်ချုပ်ချယ်တဲ့အခါဖြစ်ပေါ်လာတတ်တဲ့ သဘောတရားလေးတွေကို ရိုက်ပြထားတဲ့ တူရကီ ဒရမ်ကားလေး ဖြစ်ပါတယ်။အာမက်ဆိုတာက အထက်တန်းကျောင်း တက်နေတဲ့ ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက် အင်္ဂလိပ်စာလည်း တော်သလိုအိမ်ကလည်း ချမ်းသာတဲ့ထဲမှာ ပါဝင်တယ်။ ဒါပေမဲ့ အဲဒီမှာ ပြဿနာက စလာတယ် ဖခင်ဖြစ်သူက ဘာသာရေးကိုအလွန်အမင်း ယုံကြည်သက်ဝင်သူ ဖြစ်တဲ့အလျောက် သားဖြစ်တဲ့လူကို သူ ငယ်ငယ်တုန်းက မရခဲ့တာမျိုးမဖြစ်ခဲ့တာမျိုးကို သားဖြစ်သူကျမှ ဇွတ်အတင်း ဖြစ်စေချင်တဲ့ တစ်ဖက်သတ်ဆန္ဒတွေနဲ့ အစ္စလာမ်လူငယ်ဘာသာရေးအဆောင်ကို ပို့ပါတော့တယ်။အဲဒီမှာပဲ ညအိပ် မနက်ကျ ကိုယ့်ကျောင်းကိုသွား ပြီးရင် အဆောင်ပြန် ဘာသာရေးလုပ် အဆောင်အလုပ်တွေလုပ် စသဖြင့်ပေါ့လေ။ဒါပေမဲ့ အဆောင်မှူးရဲ့ တင်းကြပ်ပြီး သာမန်ထက်လွန်ကဲတဲ့ ဘာသာရေးအမြင်တွေ ခိုင်းစေမှုတွေ ရွယ်တူတခြားလူငယ်တွေရဲ့ အနိုင်ကျင့်မှုလေးတွေကြား အာမက်တစ်ယောက် စိတ်တွေညစ်နေရင်းနဲ့ ပျော်ပျော်နေတတ်တဲ့ ဟာကန်ဆိုတဲ့ လူငယ်လေးနဲ့ သူငယ်ချင်း ဖြစ်လာပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရမှာပါ။ဒီရုပ်ရှင်လေးကတော့ လူငယ်တစ်ယောက်ရဲ့ မိဘမေတ္တာ ငတ်မွတ်ရပုံ၊ အဖော်အပေါင်းကိစ္စတွေ၊ဘုရားသခင်ပေါ် ယုံကြည်မှုတွေနဲ့ ၁၅၀၀ အချစ်မေတ္တာတွေကို ပုံဖော်ထားပြီး မိဘနဲ့ သားသမီးကြားမဖြစ်သင့်တာ မဖြစ်ရအောင် မလုပ်သင့်တာ မလုပ်ရအောင် ပညာပေးထားတဲ့ကားလေးလို့ပဲ မြင်ပါတယ်။
Genre: Drama
Actor: Tansu Biçer , Fatih Berk Şahin , , , , , , ,
Director:
Writer:
Country: France
Release: 2024-04-03
Duration: 116 Min
Quality: HD
Rating: 1
6.5
Copyright 2024