to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Everything I Am
ကမ္ဘာကို ဝေ့ဝဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင် အားလုံးက အတ္တဟိတနဲ့ပဲ အလုပ်များနေတာကိုတွေ့ရမှာပဲ။ ပရဟိတကို လုပ်ကြတဲ့လူတွေ ရှိတော့ရှိမယ်။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ပရဟိတသမားစစ်စစ်ကိုတော့ တော်တော်ရှာယူရလိမ့်မယ်။ ကမ္ဘာကိုက ဒီလိုကမ္ဘာဖြစ်နေတော့ ကမ္ဘာကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို အသက်သွင်းတဲ့အခါမှာလည်း ရက်စက်တဲ့ကမ္ဘာရဲ့ ပုံရိပ်တွေသာ ထင်နေတာကို တွေ့ကြရမှာပဲ။ ဝေဒနာက ကြီးလွန်းတော့ ဘယ်လောက်ပီပြင်လိုက်သလဲဆို အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေဟာ ဝေဒနာတွေဖြစ်နေတာကို တွေ့ကြရမှာပဲ။ ဒီရုပ်ရှင်က အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲတော့ မပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က ကမ္ဘာကြီးရဲ့ သိပ်နည်းပါးတဲ့ တစ်ထောင့်လေးကို ရိုက်ပြထားတယ်။ ချစ်ခြင်းတွေ ပရဟိတအစစ်တွေအကြောင်းပေါ့။ နောက် ကိုယ့်ထက်ကိုယ် အားလုံးကို ချစ်ကြတဲ့လူတွေအကြောင်းပေါ့။ အားလုံးကို ဘုံဆန်ဆန်ချစ်ဖို့ ဆိုတဲ့ ခက်ခဲတဲ့အရာတစ်ခုရဲ့အကြောင်းပေါ့။
Genre: Drama
Actor: Nathan Wong , Angelika Martin , Lauren Johnson , Scott Jay
Director:
Writer:
Country: Unknown
Release: 2021-12-03
Duration: 87 Min
Quality: HD
Rating: 1
2
Copyright 2024