to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Falling Like Snowflakes
တီဂန်ဟာ နှင်းပွင့်လေးတွေကို အနီးကပ်ဓာတ်ပုံရိုက်လေ့ရှိတဲ့ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်ပြီး သူ့ဓာတ်ပုံတွေကို ပြခန်းတစ်ခုမှာပြသထားပါတယ်။ နှင်းပွင့်အမျိုးအစားပေါင်း 35 မျိုးရှိပေမဲ့ တီဂန်ရဲ့ နှင်းပွင့်ဓာတ်ပုံကော်လက်ရှင်ထဲမှာတော့ 34 မျိုးပဲရှိနေပါသေးတယ်။ နောက်ဆုံး ကျန်နေတဲ့ နှင်းပွင့်အမျိုးအစားဟာအနား ၁၂ ဖက်ပါတဲ့ စတယ်လာဒန်ဒရိုက် နှင်းပွင့်ဖြစ်ပြီး လုံးဝကိုတိကျတဲ့ ရာသီဥတုမျိုးမှာပဲတွေ့ရနိုင်တာကြောင့် အရမ်းကိုရှားပါးတဲ့ နှင်းပွင့်မျိုးပါတဲ့။တစ်နေ့မှာ အနုပညာလက်ရာတွေကို ဝယ်ယူစုဆောင်းလေ့ရှိတဲ့သူဌေးကြီးတစ်ယောက်က ကျန်နေတဲ့ နှင်းပွင့်ဓာတ်ပုံကိုပါရရင်တီဂန်ရဲ့ ဓာတ်ပုံကော်လက်ရှင်တစ်ခုလုံးကိုလေလံဆွဲ ဝယ်ယူမယ်ဆိုပြီးပြောလာပါတယ်။ အဲဒါနဲ့တီဂန်လည်း မိုးလေဝသပိုင်းကျွမ်းကျင်တဲ့ သူ့ရဲ့ငယ်ချစ်ဦး နိုအာနဲ့အတူ နှင်းမုန်တိုင်းကြားထဲနှင်းပွင့်ရှာဖို့ ခရီးစတင်ပါတော့တယ်။သူတို့တွေ နှင်းပွင့်လေးကိုရှာတွေ့သွားကြမှာလား တီဂန်နဲ့ နိုအာတို့ငယ်ချစ်ဦးနှစ်ယောက်ရော ပေါင်းဖက်နိုင်သွားကြမှာလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအသွားအလာ ပေါ့ပေါ့ပါးပါးနဲ့ နှင်းပွင့်လေးတွေအကြောင်းပါသိရဦးမှာဆိုတော့ Christmas ကာလရောက်ရင်လည်းတစ်ခါလောက်ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Genre: Romance
Actor: Rebecca Dalton , Marcus Rosner , Ava Weiss
Director: Timothy O. Johnson , Oliver De Caigny , Joseph Wilka , Lisa Alford , Josie Fitzgerald ,
Writer: Bryar Freed ,
Country:
Release: 2024-06-29
Duration: 0 Min
Quality: HD
Rating: 1
6
Copyright 2024