Fierce Hunt
ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲတပ်ဖွဲ့တွေကို တမင်အနိုင်ယူချင်နေတဲ့ ဒုစရိုက်အဖွဲ့တစ်ဖွဲ့ကထျန်းဟိုင်မြို့က စိန်ရွှေရတနာဆိုင်တွေကိုပဲ ဆက်တိုက်ဓားပြတိုက်နေတာ ဖြစ်ပါတယ်။ ဓားပြတိုက်တိုင်းမှာလည်းမျက်နှာဖုံးတပ်ထားကြတဲ့အတွက် သဲလွန်စ ရှာမရဖြစ်နေပါတယ်။ပြီးတော့ ဓားပြတွေက ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ကအစတွေးခေါ်မှုတွေအထိ ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး အမြဲတမ်း လွှတ်မြောက်နေခဲ့ပါတယ်။မှုခင်းရဲတပ်ဖွဲ့က ဆရာတပည့်နှစ်ယောက်ဖြစ်တဲ့ ဝမ်ကျန်းနဲ့ ချန်မော့တို့ကိုဒီအမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။တိုက်ဆိုင်စွာနဲ့ သူတို့နှစ်ယောက် ရွှေဆိုင်တစ်ဆိုင်မှာဆရာကတော်အတွက် လက်ဆောင်ရွေးနေတုန်းဓားပြအဖွဲ့နဲ့ တည့်တိုးတွေ့ခဲ့ပါတယ်။ အရပ်ဝတ်နဲ့လက်နက်မပါတဲ့ သူတို့ကလည်း ဓားပြတွေရဲ့ လှုပ်ရှားမှုကိုစောင့်ကြည့်ရုံကလွှဲပြီး ဘာမှ မတတ်နိုင် ဖြစ်နေပါတယ်။ဒါပေမဲ့ ဓားပြခေါင်းဆောင်က ဆိုင်ထဲကလူတွေထဲမှာ ရဲ ၂ ယောက်ရှိနေမှန်း သိလိုက်တဲ့အခါ……ရဲ ၂ ယောက်ကို ရှာဖို့အတွက် ပြည်သူတွေကို အသက်အန္တရာယ်ပေးလာတဲ့အခါ……ရဲတွေက ပြည်သူတွေကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
Genre: Action , Crime , Drama
Actor: Luo Liqun , Zhao Xiaorui , , , ,
Director:
Writer:
Country: China
Release: 2024-08-17
Duration: 92
Quality: HD
Rating: 1
0
Copyright 2024