to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Freeland
မြိုပြရဲ့မွန်းကျပ်မှုတွေ၊ တိုးတက်ပြောင်းလဲလာတဲ့နည်းပညာနဲ့ခေတ်ရေစီးကြောင်းတွေရဲ့ များပြားလွန်းတဲ့တောင်းဆိုချက်တွေကိုစိတ်ထဲက ခဏလွှတ်ချထားခဲ့ပြီး ကော်ဖီလေးတစ်ခွက်နဲ့ လေကောင်းလေသန့်ရမဲ့ မိုးနံ့သင်းသင်းပြတင်းပေါက်နားထိုင်ပြီး နားကြပ်ကိုတပ်အသံကိုအဆုံးထိချဲ့ပြီး ဒီဇာတ်ကားလေးထဲမှာ စီးမျောလိုက်ကြရအောင်ခင်ဗျာ။ဒီဇာတ်ကားလေးမှာတော့ ဒဗ်လိုခေါ်တဲ့အမျိုးသမီးကြီးတစ်ဦးရဲ့ဆေးခြောက်လုပ်ငန်းလေးတစ်ခုဟာ အစိုးရရဲ့ ပြောင်းလဲသတ်မှတ်လာတဲ့ ပိတ်ဆိုမှုတွေ၊ ခေတ်စနစ်ရဲ့ တောင်းဆိုချက်တွေနဲ့ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေကြား ယိမ်းယိုင်ကြပ်တည်းလာခဲ့တယ်။ခေတ်နဲ့အမှီလိုက်ဖိုကို ငြင်းဆန်ခဲ့ပြီး သမရိုးကျအတိုင်းရှေ့ဆက်ခဲ့တဲ့စီးပွားရေးသေးသေးလေးတစ်ခုဟာ ခေတ်စနစ်ကြားမှာဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို ခံစားကြည့်ရှုကြရမှာပါ။ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းဇာတ်ကွက်ထွေထွေထူးထူးမရှိပဲအေးအေးလူလူ vibe လေးပဲသွားထားပြီးတော့ သဘာ၀တရားကြီးရဲ့အလှအပတွေ၊ ကျေးငှက်တွေရဲ့ အော်သံလေးတွေ၊ မြူတွေဝေ့နေတတ်တဲ့တောင်တန်းကြီးတွေ၊ နယ်အစွန်အဖျားဒေသရဲ့ အလှအပတွေနဲ့ ဇာတ်ကောင်တွေရဲ့ ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံတွေကိုကွက်ကွက်ကွင်းကွင်းချပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Genre: Drama
Actor: Frank Mosley , Lily Gladstone , Cameron James Matthews , , ,
Director: , , , , , , , , , , ,
Writer:
Country: United States of America
Release: 2021-10-15
Duration: 80
Quality: HD
Rating: 1
4.714
Copyright 2024