to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Gaslit by My Husband: The Morgan Metzer Story
ဇာတ်လမ်းအစကိုတော့ သားဦးလေးကို ဆုံးရှုံးလိုက်ရတဲ့ရော့ဒ်နေးနဲ့ မော်ဂန်တို့ စုံတွဲနဲ့ အစပြုထားပါတယ် ။ငယ်ချစ်ဦးတွေ ဖြစ်ခဲ့ကြတဲ့ သူတို့စုံတွဲဟာ သားဦးလေးဖြစ်တဲ့ကယ်လ်ဗင်ကို ဆုံးရှုံးလိုက်ရပြီး လက်ရှိမှာတော့အမြွှာလေး မွေးထားကြသူတွေပါ ။ ဒါပေမဲ့ သားတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အချက်ကို မမေ့နိုင်သေးတဲ့ မော်ဂန်ဟာအပြုအမူတွေ ထူးဆန်းလာတယ် ၊ အကြမ်းဖက်တတ်လာတယ်လို့ သူ့ယောကျ်ားဖြစ်တဲ့ ရော့ဒ်နေးကထောက်ပြလာခဲ့ပါတယ် ။ ဒီအခြေအနေမှာမှ ရော့ဒ်နေးကအလုပ်ပြုတ်သွားခဲ့ပြီး မော်ဂန်က အိမ်ပြင်ထွက်အလုပ်လုပ်ရတဲ့အခါမှာတော့ နှစ်ယောက်ကြားကအက်ကြောင်းတွေက ပိုလို့တောင် ထင်ရှားလာပါတယ် ။ဒီအချိန်မှာ ရေချိုးခန်းထဲက စတီးရွိုက်ဆေးတောင့်တွေ ၊သူမသိလိုက်ဘဲ သုံးစွဲထားတဲ့ အကြွေးဝယ်ကဒ်နောက်တစ်ခု စတဲ့ ယောကျ်ားဖြစ်သူရဲ့ မူမမှန်တဲ့အချက်တွေကို မော်ဂန် တွေ့လိုက်ရပါတော့တယ် ။သားဖြစ်သူကို ဆုံးရှုံးထားရလို့ ကုထုံးစကားဝိုင်းတွေသွား ၊ ဆေးတွေသောက်နေရတဲ့ မော်ဂန်နဲ့ မော်ဂန့်ကိုရူးနေပါတယ်လို့ တစ်ဖက်သတ်အတင်းစွပ်စွဲနေတဲ့ရော့ဒ်နေး သူတို့နှစ်ယောက်မှာ တကယ်တမ်းမှားနေတဲ့သူက ဘယ်သူဖြစ်မလဲ ။သူတို့ရဲ့ ရန်ပွဲဟာ စကားနဲ့တင်မဟုတ်ဘဲ လက်ပါ ပါလာတဲ့အခါ ဒီအကြမ်းဖက်မှုတွေကနေ မော်ဂန် နောက်ဆုံးလွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ Gaslit ByMy Husband ဆိုတဲ့ ရုပ်ရှင်ကားမှာ အတူတူ စောင့်ကြည့်လိုက်ရအောင်နော် ။
Genre: Drama , Thriller , TV Movie
Actor: Austin Nichols ,
Director: , ,
Writer:
Country:
Release: 2024-06-09
Duration: 87 Min
Quality: HD
Rating: 1
7
Copyright 2024