to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Ghudchadi
နာမည်ကျော်မင်းသားကြီး တစ်လက်ဖြစ်တဲ့ Sanjay Dutt ရဲ့ ၂၀၂၄ ခုနှစ်အသစ်ထွက်ရှိထားတဲ့ မိသားစုဟာသအချစ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်ဗျာ။ဒါအပြင် မင်းသမီးချောကြီး Raveena Tandon တို့အပြင်တခြားမင်းသမီးငယ်ငယ်ချောချောလေး Khushali Kumar ကပါအားဖြည့်ထားတော့ မိုက်ဇာတ်လမ်းလေးကတော့ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ခင်ပြီး နွေးထွေးကြတဲ့အဘွားရယ် အဖေရယ် သားဖြစ်သူရယ်ဆိုပြီး မိသားစုလေး ရှိကြတယ်။အဘွားဖြစ်သူက ဘုရားတရားလုပ် လူကြီးဖြစ်တဲ့အတွက် ခေတ်မမှီတဲ့လူပေါ့လေ၊အဖေကတော့ စစ်ပြန်အငြိမ်းစား ကာနယ်ကြီးတစ်ယောက် အပေါင်းအသင်းတွေနဲ့ဂေါက်လေးဘာလေးရိုက်ပြီး မိခင်အမေအိုကြီးကို စောင့်ရှောက်ပေးနေသူ၊သားဖြစ်သူကျ သူငယ်ချင်းတစ်ယောက်နဲ့အတူ အတွင်းခံလုပ်ငန်းကြီးကိုစွန့်ဦးတီထွင်သူအဖြစ် စတင်လှုပ်ရှားနေကြတာပေါ့။သားဖြစ်သူကိုလည်း အဘွားဖြစ်သူရော အဖေဖြစ်သူကပါ မျက်စိနောက်ပြီးမိန်းမပေးစားချင်နေပေမဲ့လည်း အဆင်မပြေနေဘူးပေါ့လေ။ တစ်ရက်ကျသားဖြစ်သူက သူငယ်ချင်းမင်္ဂလာဆောင်သွားရင်းနဲ့ သတို့သမီးရဲ့သူငယ်ချင်းဖြစ်သူလေးကို ကြွေလာပါလေရော။ဒါတင်မကဘူး အဖေဖြစ်သူကလည်း မိန်းမဖြစ်သူ ဆုံးထားတာ နှစ် ၂၀ လောက်ရှိနေတဲ့အချိန် ရုတ်တရက် ငယ်ချစ်ဦးနဲ့ ပြန်ဆုံတွေတဲ့အချိန် ငယ်ကအချစ်အနှစ်တရာဆိုပြီးလုပ်။ခက်တာက သားအဖနှစ်ယောက်ခင်ဗျာ ဝဠ်ကြွေးပါလာခဲ့တော့သူတို့ကြိုက်မိနေတာလည်း ဟိုဖက်မှာ သားအမိဖြစ်နေကြတဲ့အခါဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို တေးသံစုံ ဇာတ်မြူးလေးပေါ့ပေါ့ပါးပါး ကြည့်ရမှာပဲ ဖြစ်ပါတယ်ဗျာ။နေရောပေါ့။
Genre: Drama , Romance , BollyWood
Actor: Sanjay Dutt , Raveena Tandon , Khushali Kumar , Neeraj Sood , ,
Director:
Writer:
Country: India
Release: 2024-08-09
Duration: 0 Min
Quality: HD
Rating: 1
0
Copyright 2024