to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Guru 2017
လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အာဒီဟာ အိုလံပစ်ရွှေတံဆိပ်နဲ့မိန်းမဖြစ်သူကိုတစ်ချိန်တည်းမှာ ဆုံးရှုံးခဲ့ရပြီး လက်ဝှေ့သမားဘဝကို စွန့်လွှတ်ခဲ့ပါတယ်။စိတ်နာစရာတွေရှိခဲ့ပေမယ့် လက်ဝှေ့အားကစားကို မစွန့်လွှတ်နိုင်သေးတဲ့အာဒီဟာအမျိုးသမီးလက်ဝှေ့အားကစားအသင်းမှာ နည်းပြအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ဒေါသကြီးပြီး စိတ်မရှည်တတ်တဲ့အာဒီကို သဘောမကျတဲ့ကော်မတီကဗိုင်ဇက်ကိုပြောင်းရွှေ့ဖို့လွှတ်လိုက်ပြီးနောက်မှာအာဒီရဲ့ဘဝက စပြီးပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။လက်ဝှေ့အားကစားကို စိတ်အားထက်သန်တဲ့ လက်ရှ်မီးနဲ့ရာမေ့ရှ်ရွှာရီတို့ ညီအစ်မနှစ်ယောက်နဲ့ အာဒီတွေ့ဆုံခဲ့ပါတယ်။လက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ပြီးယှဉ်ပြိုင်နေတဲ့ လက်ရှ်မီးကို လျစ်လျူရှုပြီး ရာမေ့ရှ်ရွှာရီကိုပဲ လေ့ကျင့်ပေးဖို့မျက်စိကျနေတဲ့ အာဒီ…..စိတ်အားထက်သန်မှုအပြည့်ရှိနေတဲ့ ရာမေ့ရှ်ရွှာရီ….နှစ်အတော်ကြာကစားခဲ့ပေမယ့် လေ့ကျင့်ဖို့ရွေးချယ်မခံရလို့ မနာလိုဖြစ်နေတဲ့ လက်ရှ်မီး…သူတို့သုံးယောက်ကြား ဘယ်လိုတွေဆက်ဖြစ်မလဲ…အာဒီရဲ့နည်းပြမှုကရော အဆင်ပြေနိုင်မလား…အောင်မြင်မှုတွေရသွားဦးမလားဆိုတာကိုဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။
Genre: Action , Drama
Actor: Venkatesh , Ritika Singh , Mumtaz Sorcar , Nassar , Tanikella Bharani , Zakir Hussain , Raghu Babu , Sanchana Natarajan
Director:
Writer:
Country: India
Release: 2017-03-31
Duration: 116 Min
Quality: HD
Rating: 0
7.5
Copyright 2024