to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Hands Up
ဒီဇာတ်ကားက လူမှုမီဒီယာတွေမှာ ဟာသဗွီဒီယိုအတိုလေးတွေအနေနဲ့ ခေတ်စားနေတုန်းပါ…အတော်ကို ရယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်…ရုပ်တည်ကြီးတွေနဲ့ အတည်ပေါက်ဟာသတွေအပြင် ကလေးဟာသတွေပါပါလို့ လူကြီးလူငယ်မရွေး ရယ်ရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့..တရုတ်-ဂျပန် စစ်တွင်းကာလအခြေအနေတွေကို နောက်ခံထားပါတယ်။စစ်တွင်းမှာ တရုတ်ပြည်က အဖိုးတန် ဗုဒ္ဓဆင်းတုတော် တစ်ဆူကို ဂျပန်တွေ အလစ်သုတ်ပြေးချိန်..တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီဆင်းတုတော်နဲ့ ပါလာတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးတို့အစွန်အဖျားရွာလေးတစ်ရွာမှာ သောင်တင်ရာကနေ ဇာတ်လမ်းစတယ်။ပျောက်သွားတဲ့ ဆင်းတုတော်ရှာမယ့် လွဲနေကြဂျပန်စစ်တပ်နဲ့ လွဲနေကြရွာသားတို့ဇာတ်လမ်းပေါ့။ဒီဟာသဇာတ်ကားက ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပေမယ့် ခေတ်နောက်မကျတဲ့ ရိုက်ချက်တွေကိုတွေ့ရမှာပါ။ရာဇဝင်နောက်ခံဇာတ်ကားဖြစ်လို့ ခပ်ပေါပေါ မရိုက်တာဖြစ်နိုင်ပါတယ်။ဟာသဇာတ်ကားဆိုပေမယ့် အမျိုးသားရေးဇာတိမာန်ကိုလဲ ပုံဖော်ထားနိုင်ပါသေးတယ်။
Genre: Comedy , History , War
Actor: Guo Da , Pan Changjiang , Liu Xiaowei , Xiaoguang Hu , Li Ming
Director:
Writer:
Country: China
Release: 2003-01-01
Duration: 87 Min
Quality: HD
Rating: 1
6.8
Copyright 2024