to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Hellaro
Hellaro (2019)”အဖိနှိပ်ခံဘဝမှသည်” ============================IMDb 8.6/10 Rotten tomatoes 100% စီအမ်ရဲ့ ပရိသတ်တွေအတွက် ၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ ဂူဂျာရတ်စကားပြော ရုံတင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် rating တွေ ရှယ်ကောင်းတဲ့အပြင် box office မှာလည်း ဘက်ဂျက်ထက် ၇ ဆကျော် ပြန်ရခဲ့ပြီး ဆုတွေလည်း အများကြီးဝင်ခဲ့တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂူဂျာရတ်ပြည်နယ်ရဲ့ ကန္တာရ လွင်တီးခေါင်ပြင်ထဲက ရှေးရိုးစွဲရွာတစ်ရွာမှာ မိုးခေါင်တာ ၃ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။အဲဒီရွာထဲက ယောက်ျားတွေဟာဆိုရင် ရွာထဲက မုဆိုးမကနေ နိုင်ငံတော် ဝန်ကြီးချုပ်အထိ မိန်းမတိုင်းဟာ ယောက်ျားတွေထက် နိမ့်ကျသူတွေ၊ မိန်းမဖြစ်နေရင် စာဖတ်တတ်ဖို့တောင်မလို.. မီးဖိုထဲမှာပဲ နေသင့်တဲ့သူတွေလို့ယုံကြည်ကြတဲ့ ဖိုဝါဒီသမားတွေပါ။ တစ်နေ့တော့ သူတို့ရွာထဲက ရွာသားတစ်ယောက်က ၇ တန်းထိ ကျောင်းနေဖူးတဲ့ မြို့ပေါ်က မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားရာကနေ ရွာထဲက ဖိနှိပ်ခံ အမျိုးသမီးတွေအတွက် အလှည့်အပြောင်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်အိမ်ခိုင်မာတဲ့အပြင် Cinematography လှလှတွေနဲ့ ကျေးလက်ဒေသတွေက အမျိုးသမီးတွေဖိနှိပ်ခံရမှုကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်လို့ ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။
Genre: Drama
Actor: Shraddha Dangar , Jayesh More , Tejal Panchasara , Shailesh Prajapati , Maulik Nayak , Aarjav Trivedi , Brinda Trivedi , Kaushambi Bhatt , Kamini Panchal
Director:
Writer:
Country: India
Release: 2019-11-08
Duration: 121 Min
Quality: HD
Rating: 0
4.5
Copyright 2024