Hidden Letters
တရုတ်နိုင်ငံ ဟူနန်မှာ အမျိုးသမီးတွေအချင်းချင်း လျှို့ဝှက်ချက်တွေမျှဝေဖို့သုံးတဲ့ အမျိုးသမီးစာဆိုတဲ့ ယဉ်ကျေးမှုတစ်ခုအကြောင်းကိုမှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက အမျိုးသမီးတွေရဲ့ ခြေထောက်ကိုသေးအောင်ချည်တုပ်ထားပြီး အခန်းထဲက ထွက်ခွင့်မရခဲ့ပါဘူး။အဲဒီအချိန်မှာ အချင်းချင်း ဘဝမှာရှင်သန်ဖို့ အားပေးကြဖို့အတွက်အမျိုးသားတွေ နားမလည်တဲ့ ဘာသာစကားတစ်မျိုးကို တီထွင်ခဲ့ပါတယ်။အမျိုးသမီးစာက ခေတ်တစ်ခုမှာ အမျိုးသမီးတွေရုန်းထွက်ချင်လို့ ပုန်ကန်ခဲ့တဲ့ သင်္ကေတတစ်ခုပဲပေါ့ ……ဒီ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ အမျိုးသမီးစာကို ဆက်ခံသူ၃ ဦးဖြစ်တဲ့ ဟဲ့ယင်ရှင်း၊ ဟူရှင်းနဲ့ ဝူမုစီးတို့ကို အဓိကထားပြီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ခြေထောက်ချုပ်နှောင်ခြင်းမခံရတော့တဲ့တရုတ်နိုင်ငံက ၂၁ ရာစု အမျိုးသမီးတွေရဲ့ စစ်မှန်တဲ့ဘဝနေထိုင်မှုပုံစံနဲ့ အရွယ်မတူတဲ့ အမျိုးသမီး ၃ ယောက်ရဲ့အတွေးအခေါ်တွေကို မြင်ရမှာ ဖြစ်ပါတယ်။ပြီးတော့ အမျိုးသမီးစာကို အထင်သေးသူ၊ အသုံးချပြီးအကျိုးအမြတ်ရချင်သူတွေကလည်းရှိနေခဲ့ပါတယ်။အမျိုးသမီးစာကို သမိုင်းမှာပဲ မကျန်စေချင်တဲ့တွေကလည်း ကြိုးစားရင်းနဲ့ပေါ့
Genre: Documentary
Actor:
Director:
Writer:
Country: China
Release: 2024-08-31
Duration: 86
Quality: HD
Rating: 1
0
Copyright 2024