to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Juna Furniture
ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာနဲ့ ဇာတ်ဆောင်နေရာအားလုံးကို မင်းသားကြီး Mahesh Manjrekar တစ်ယောက်တည်းတာဝန်ယူ ရိုက်ကူးဖော်ဆောင်ထားတဲ့ အသစ်ထွက် အိန္ဒိယဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ဂိုဗင်ပတ်သာခ်ဆိုတဲ့ အသက် ၇၀ အရွယ် ဘဲကြီးဟာ ဇနီးဖြစ်သူနဲ့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းနေလျက်ရှိပါတယ်။ရပ်ကွက်ထဲမှာလည်း မတရားတာမြင်ရင် မနေနိုင်ပဲ ဝင်ဝင်ပါမိလို့ ရပ်ကွက်ဇိုးလေးတွေနဲ့လည်း မကြာခဏ နောင်ဂျိန်ပလေးရသူပါ။ မဟုတ်မခံလူမှန်ကြီးတစ်ယောက် ဆိုပါစို့။ သားဖြစ်သူကတော့ နေရာကောင်းရထားတဲ့ အစိုးရအရာရှိဖြစ်ပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ရဲ့သမီးနဲ့ လက်ထပ်ထားပြီး ယောက္ခမဖြစ်သူနဲ့ အဆင်ပြေပြေရှိပြီး သူတိုနဲ့သာ အတူတူနေထိုင်တာပါ။ မိဘရင်းတွေဆီလည်း သိပ်မတွေ့ဖြစ်ပဲ ငွေရေးကြေးရေးလောက်သာ ထောက်ပံ့ထားသူပေါ့။တစ်ရက်ကျ ဖခင်ဖြစ်သူဆီကို လစဉ်ငွေပို့ဖို့ မေ့ပြီး နောက်ကျတာတွေရယ်ရေပေါ်ဆီဘဝမှာ သာယာယစ်မူးနေပြီးမပေါ့ဆအပ်တာတွေ ဖြစ်သွားတဲ့အခါ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာပြီး သားအဖရင်းနှစ်ယောက်ကြားအာဃာတမီးတောက်တစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့…..။ရုပ်ဝါဒီတွေ ကြီးစိုးနေတဲ့ လူ့အသိုင်းအဝန်းမှာ သားသမီးတွေရဲ့ လျစ်လျူရှုမှု ခံရတဲ့သက်ကြီးရွယ်အိုမိဘတွေရဲ့ဖြစ်ပေါ်လာတဲ့ ပြဿနာ အကျပ်အတည်းဒုက္ခတွေကိုမီးမောင်းထိုးပြပေးထားတဲ့ ပညာပေးကားကောင်းလေးပဲ ဖြစ်ပါတယ်လို့ နိဂုံးချုပ်လိုက်ပါစေဗျာ။
Genre: Drama , BollyWood
Actor: Mahesh Manjrekar , Sachin Khedekar , Upendra Limaye , Sameer Dharmadhikari , Vijay Nikam , Sharad Ponkshe , , , , , , , ,
Director:
Writer: Vaibhav Joshi
Country: India
Release: 2024-04-26
Duration: 144 Min
Quality: HD
Rating: 1
0
Copyright 2024