Kowloon Walled City
ဇာတ်လမ်းအကျဉ်းနဲ့ ဇာတ်ကားအကြောင်းမပြောခင်မှာ…ဟောင်ကောင်ဟာ တစ်ခေတ်တစ်ခါကတရုတ်ပြည်မှာ ရှန်ဟိုင်းထက် စီးပွားရေးအောင်မြင်ပြီး ငွေဖြစ်လွယ် ရလွယ်တဲ့အားလုံး မျက်စိကျစရာနေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာလေး ပြောချင်ပါတယ်…သို့ပေမယ့် ဘာကြောင့် ရှန်ဟိုင်းတို့ပေကျင်းတို့လောက် စီးပွားရေးအခွင့်အလမ်းမရှိတော့တာလဲလို့မေးလာရင် ဒီကားလေးက အဖြေပေးမယ်လို့ပြောပါရစေ…တော်လှန်ရေးကာလမို့ စီးပွားရေးကမကောင်း ခေတ်ကပျက် စနစ်က မရှိစည်းကမ်းမဲ့နေတဲ့ ကာလတစ်ခုမှာ လူကိုဖျက်တဲ့ ဘိန်းကပါအတူယှဉ်တွဲနေထိုင်လိုက်ချိန်မှာတော့ဟောင်ကောင်ဟာ အခုကားလေးထဲကလိုပဲဘိန်းဘုရင်တွေပေါ်လာတယ်…ဘိန်းက လူကိုဖျက်… ဖျက်တဲ့ဘိန်းကိုလူကမဖြတ်နိုင်တော့ မရှိရှိတာပေါင်နှံငွေမလောက်တော့ လောင်းကစားဝိုင်းပြေးနောက်ဆုံး အိမ်တိုင်ကျွတ် ရှိတာကုန်တော့ မိန်းမသားသမီးကိုသင့်ရာနေရာရောင်းချ…ဒီလိုနဲ့ပဲ လောင်းကစားဝိုင်းတွေများပြားလာပြီးအဖော်အချွတ်နဲ့ ငွေရှာတဲ့အမျိုးသမီးတွေ ထုနဲ့ထည်ပေါ်ထွက်လာတာပေါ့…ခေတ်ပျက်မှာ စာရိတ္တပျက်ပြီး မကောင်းတာလုပ်မှ ငွေရတော့တဲ့ကာလဆိုရင်မမှားဘူးပေါ့…ဒီကာလမှာဖြစ်တဲ့ အဖြစ်ပျက်တစ်ချို့ကိုအမှန်နည်းနည်း စိတ်ကူးယဉ်နည်းနည်းရောယှက်ပြီး ဒီဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ..
Genre: Action , Drama
Actor: Xing Yu , Yu Lang , , Lu Yu , Thomas Fiquet
Director:
Writer: Xun Lu
Country: China
Release: 2021-12-26
Duration: 84 Min
Quality: HD
Rating: 1
0
Copyright 2024