to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Kutch Express
ငယ်ငယ်ကသွားကြီးလေး ကြီးမှခန့်ချောလေးဖြစ်လာတဲ့ Darsheel Safary ၊ အပြင်မှာခပ်လန်းလန်းနေတတ်ပြီး ရိုးအတဲ့ဇာတ်ကောင်နေရာနဲ့ Manasi Parekh ၊ ဆံဖြူသည်ထိ မပင်မပန်း ကျရာဇာတ်ကောင်မျိုးစုံလုပ်နိုင်နေသေးတဲ့ မင်းသမီးကြီးRatna Pathak Shah အရွယ်သုံးပါးစုံစုံလင်လင် ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ် ကိုယ့်မွေးနေ့မှာတောင် ကျန်တစ်အိမ်သားလုံးရဲ့အကြိုက်တွေကိုရွေးပြီး စုံနေအောင်ချက်ပေးတတ်တဲ့ မွန်ဂီဟာ သူ့ကိုယ်သူအိမ်ထောင်ရေးကံ မိသားစုကံကောင်းလွန်းသူပါဆိုပြီး ပျော်နေသူပေါ့ သူက မိသားစုအရေးနဲ့ မီးဖိုချောင်ထဲမှာပဲဘဝကိုမြှုပ်ထားပေမဲ့ ဘာမှမသိမတတ် နုံနုံအအတော့မဟုတ်ပါဘူးသူ့ခင်ပွန်း ဒါမက်ရှ်ကတော့ ခပ်ရိုးရိုးပုံတုံးတုံးနေတဲ့အိမ်ရှင်မကို အထင်မကြီးလူရာမသွင်းပါဘူး မွေးနေ့ကိုတောင် ဘေးလူပြောမှသိ ဟတ်ပီးဘတ်ဒေးပြောပေးဖို့တောင် နှုတ်ဆွံ့နေသတဲ့ ဒီလိုအိမ်ထောင်ရေးမှာဖြစ်လာမဲ့အဖုအထစ်ကတော့ ဖောက်ပြန်မှုကလွဲတခြားမရှိ…. ဒါမက်ရှ် ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ဖောက်ပြန်နေမှန်းသိလိုက်ရချိန် ဒီလူကိုပဲတစ်မျက်နှာတစ်ကမ္ဘာလုပ်ထားတဲ့ မွန်ဂီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ…အိမ်ထောင်ဆိုတာ မကုန်မခမ်းနိုင်အမျိုးစုံသုခဒုက္ခပေါင်းစုံရာကမ္ဘာပဲလေ ဒီတော့ဒီကားမှာရော ဒီလိုပဲဖန်တရာထေဇာတ်လမ်းပုံစံဖြစ်နေပါ့မလားဘယ်လိုမတူညီတဲ့ရှုထောင့်တွေပါမလဲ…
Genre: Drama
Actor: Manasi Parekh , Ratna Pathak Shah , Viraf Patel , Darsheel Safary , Dharmendra Gohil , Kumkum Das , Heena Varde , Bhumika Barot
Director:
Writer:
Country: India
Release: 2023-01-06
Duration: 134 Min
Quality: HD
Rating: 1
2
Copyright 2024