to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
License
ဘာရသီလို့ခေါ်တဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းက မဟုတ်မခံစိတ်ဓာတ်ရှိတဲ့သူတစ်ယောက်ပါ။ မဟုတ်တာလုပ်ရင် အပြစ်ပေးခံရမယ် ကောင်းတာလုပ်ရင် ချီးကျူးပေးရမယ်ဆိုတဲ့စိတ်မျိုးရှိတဲ့သူပါ။ ရဲအရာရှိဖြစ်တဲ့အဖေကိုကြည့်ပြီး ကြီးလာတဲ့အခါ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးမယ့်ရဲအရာရှိဖြစ်ရမယ်ဆိုပြီး စိတ်အားထက်သန်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ အမှားတွေမကျူးလွန်အောင် သွန်သင်ဆုံးမပေးလို့ရမယ့် ဆရာမတစ်ယောက်ပဲဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့မဟုတ်မခံစိတ်ဓာတ်ကတော့ မပျောက်ကွယ်သွားခဲ့ပါဘူး။ အမှုကိစ္စတွေရှိလာတဲ့အခါ တရားမျှတမှုရအောင် အမျိုးမျိုးကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ အိမ်ရှင်မတစ်ယောက်လည်းဖြစ် ဆရာမတစ်ယောက်လည်းဖြစ်ပေမယ့် မတရားမှုတွေကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ ဒါပေမဲ့လည်း ဘာရသီတစ်ယောက် အမျိုးသမီးတွေအတွက် တိုက်ခိုက်ပေးနေတာက patriarchist တွေအတွက်တော့ မျက်စိဆံပင်မွေးဆူးစရာဖြစ်နေတာပေါ့။တစ်နေ့မှာ sexual assault ရဲ့သားကောင်ဘဝရောက်သွားတဲ့ ဘာရသီရဲ့bffဖြစ်တဲ့ အင်ဒရာတစ်ယောက် ဘဝလမ်းဆုံးကို ရွေးချယ်သွားချိန်မှာတော့ ကိုယ်တိုင်လည်း သမီးတစ်ယောက်မွေးထားတဲ့မိခင်၊ အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့ ဘာရသီဟာ မတရားမှုကို ကြည့်မနေနိုင်တော့ဘဲ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်အောင် ၁၈ နှစ်အထက်အမျိုးသမီးများ တရားဝင်သေနတ်ကိုင်ဆောင်ခွင့်ရဖို့ သူကိုယ်တိုင်ဦးဆောင်ကြိုးပမ်းပါတော့တယ်။တရားဝင်သတ်မှတ်ထားတဲ့အသက်က ၂၁ နှစ်ပေမဲ့ ဆယ်ကျော်သက်အမျိုးသမီးတွေ လိင်အကြမ်းဖက်မှုသားကောင်ဖြစ်ရတာ အဆမတန်များလာလို့ မိန်းကလေးတွေကို ၁၈ နှစ်မှာ တရားဝင်သေနတ်ကိုင်ဆောင်ခွင့်တောင်းဆိုပေမဲ့ အမျိုးသမီးတွေဆိုတာနဲ့ကို ဆင်ခြေမျိုးစုံ ပေးချင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လိုအပ်လို့လားဆိုပြီး မေးခွန်းထုတ်ချင်တဲ့ အမျိုးသားထုကြီးကို ဆန့်ကျင်လို့ ဘာရသီရဲ့တရားမျှတမှုရအောင် ကြိုးပမ်းပုံတွေနဲ့ သူမရဲ့ဒီစိတ်ဓာတ်ကြောင့် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။
Genre: Drama
Actor: Rajalakshmi Senthil Ganesh , Vijay Bhaarat , Radha Ravi , Natarajan jeevanantham , Pazha Karuppaiah , Abi Nakshathra , Dhanya Ananya , Namo Narayanan , Vaiyapuri , Jeeva Ravi
Director:
Writer:
Country: India
Release: 2023-11-03
Duration: 118 Min
Quality: HD
Rating: 0
7
Copyright 2024