Lost in Perfection
အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျအတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါမကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာအဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကိုအစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခုဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေသေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်းခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ်အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံးတစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက်ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်းအဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီးဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါသေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်းသတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက်ဘယ်လိုတွေဆက်လုပ်ကြမလဲ။သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲဟယ်ရိူ့လန်ကကောဘာကြောင့်သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန်တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကောစတဲ့မေးခွန်းထုတ်စရာတွေကိုဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင်
Genre: Crime , Drama , Thriller , Mystery
Actor: , , Mark Lee , Ven Kao , , Chia-Hsuan Yu , Tzu-Chien Kuo , Sara Yu , , ,
Director:
Writer:
Country: Taiwan
Release: 2023-10-27
Duration: 114
Quality: HD
Rating: 1
6
Copyright 2024