to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Manchurian Tiger
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Manchurian Tiger ဆိုတဲ့ တရုတ်ဒရာမာဟာသကားလေးဖြစ်ပါတယ်။မန်ချူးရီးယန်းကျားဆိုတာကမ္ဘာမှာအရှားပါးဆုံးမျိုးနွယ်ဝင်မျိုးကျားတစ်မျိုးဖြစ်တယ် ။
လူတွေဟာရှားပါးမျိုးနွယ်ဝင်ကျားကိုထိန်းသိမ်းစောင့်ရှောက်ဖို့ တိရိစ္ဆာန်ရုံမှာပိတ်လှောင်ထားသလိုပဲလူတိုင်းရဲ့စိတ်ထဲမှာလဲပိတ်လှောင်ထားတဲ့ သားရဲတစ်ကောင်ရှိတယ် ဆိုတဲ့သဘာဝကိုဖော်ကျူးချင်တာဖြစ်ပါတယ်။မေလင်ဟာ မီးဖွားခါနီး ကိုယ်ဝန်နေ့စေ့လစေ့နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူ ရွှီတုန်းကတော့ ခွေးချစ်သူတစ်ယောက်ပါ။ဇနီးဖြစ်သူ မီးဖွားပြီးရင် ကလေးငယ်နဲ့ခွေးကိုဆက်မွေးဖို့အဆင်မပြေတာကြောင့်ရွှီတုန်းဟာ မာချန်လီဆီမှာ ခွေးလေးကို အပ်ထားလိုက်ပါတယ်။မာချန်လီကတော့ အကြွေးတွေပိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ယောက်ပါ။
ကံမကာင်းစွာနဲ့ပဲ ခွေးလေးဟာ မာချန်လီ လက်ထဲမှာ သေသွားပါတယ်။အဲဒီလိုနဲ့ ရွှီတုန်းဟာ ဒေါသတကြီးနဲ့ မာချန်လီကိုလက်စားလိုက်ချေပါတော့တယ်။လက်စားချေဖို့ကြိုးစားတိုင်းမအောင်မြင်ဘဲ
သူထင်ထားသလို မဟုတ်တဲ့ မာချန်လီအကြောင်းတွေကိုသာသိလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲ မေလင် တစ်ယောက်မထင်မှတ်ဘဲနဲ့ သူ့ယောင်္ကျားရဲ့လျို့ဝှက်ချက်ကိုသိသွားပါတော့တယ်…..
ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ဒီကားလေးဟာ Genre မှာ Drama / Comedy ဆိုပေမယ့်ကိုယ့်ရဲ့တစ်ဦးတစ်ယောက်ထဲအမြင်အရ ဒရာမာဘက်ပိုရောက်တယ်လို့ ပိုခံစားမိပါတယ်။ဘဝမှာ တချို့အရာတွေက ရယ်စရာလိုဖြစ်နေပေမယ့် ခါးသီးတဲ့အမှန်တရားတွေဖြစ်နေတတ်တာပဲမဟုတ်လား။
Genre: Comedy , Drama
Actor: Guo Yue , Ma Li , Zhang Yu , Liguo Yuan , Xu Gang , Zhang Zhiyong , Zhang Xun , Xue Baohe
Director: Jun Geng
Writer: Jun Geng , Bing Liu
Country: Unknown
Release: 2022-01-14
Duration: 118 Min
Quality: HD
Rating: 1
5.7
Copyright 2024