to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Matcha & Vanilla
ယုခိနဲ့ အအိဆိုတဲ့ အမျိုးသမီးနှစ်ယောက်က လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အမှတ်မထင် တွေ့ဆုံခဲ့ကြတာပါ။ ဘဝအမောတွေကို အပြန်အလှန် ဖေးမနိုင်စွမ်းရှိတဲ့ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားကြပြီး အတူနေထိုင်လာကြတာ ခုဆို ၁၀နှစ်တောင် ရှိပါပြီ။ယုခိက ပန်းချီဆရာမတစ်ယောက်ဖြစ်ပြီးတော့ ပန်းချီကားတွေကို အချိန်ယူပြီး စိတ်နှစ်ရေးဆွဲလေ့ရှိတဲ့သူတစ်ယောက်ပါ။ ယုခိရော အအိရော ၂ယောက်လုံးက ပန်းချီကားတွေကို သူတို့နှစ်ယောက်ရဲ့သားသမီးတွေလို့ မှတ်ယူထားကြတာပါ။ ယုခိက ချောင်းတွေဆက်တိုက်ဆိုးလာလို့ ဆေးစစ်ကြည့်ရင်းနဲ့ ကင်ဆာနောက်ဆုံးအဆင့် ရှိနေတာကို သိလိုက်ရပါတယ်။ရှေးရိုးစွဲအတွေးအခေါ်ရှိသူတွေ အများအပြားရှိနေတဲ့ဂျပန်မှာ လိင်တူစုံတွဲအတွက် သာမန်အခြေအနေမှာတောင် ရင်ဆိုင်ကြုံတွေ့ရတာတွေက ခက်ခဲပါတယ်။ ခုလို ကင်ဆာနဲ့ ထိပ်တိုက်တွေ့ရချိန်မှာ ငွေကြေးအခက်အခဲတွေနဲ့ ပြဿနာအစုံကို သူတို့နှစ်ဦး ဘယ်လိုရုန်းကန်ကျော်ဖြတ်ရမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။အခုဆိုရင် ဂျပန်မှာ Same Sex Marriage တွေကို တစ်မြို့ပြီးတစ်မြို့က လက်ခံလာကြပါပြီ။ ဒါပေမဲ့ ဥပဒေအရ တရားဝင်အသိအမှတ်မပြုသေးတဲ့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်နေရပါသေးတယ်။
Genre: Drama , Romance
Actor: Qyoko Kudo , Tomoko Hayakawa
Director:
Writer:
Country: Japan , Australia
Release: 2021-09-12
Duration: 84 Min
Quality: HD
Rating: 0
5.5
Copyright 2024