to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Moon Man
ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာရုံတင်ခဲ့ပြီးတော့ ရုံဝင်ငွေ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ပြီးတော့ တောင်ကိုရီးယား ကာတွန်းရေးဆရာတစ်ယောက်ဖြစ်တဲ့“Cho Seok” ဖန်တီးရေးသားထားသော “Moon You” ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူးအဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့-❏ အမည်မသိမထင်ရှားတဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းငယ်လေးအဖြစ် – ချန်ထန်“လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် “ကိုကြီးကြပ်ရသူအဖြစ် – မာလိ တို့ကနေပြီးတော့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင်ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့-“လူသားတွေဟာ ဂြိုလ်ငယ်လေးတွေရဲ့ ဝင်ရောက်တိုက်ခတ်မှုကနေပြီးတော့ကာကွယ်ပြီးတော့ ကမ္ဘာမြေကြီးကိုကယ်တင်ဖို့အတွက်“လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် ” ကိုလက်တွေ့ကျကျစီစဥ်ရေးဆွဲခဲ့ကြပါတယ် ဒါပေမဲ့လို့
မထင်မှတ်ထားပဲ ဥက္ကာခဲကြီးက ကြိုတင်ဝင်ရောက်လာခဲ့တဲ့အတွက်အဖွဲ့ဝင်လုပ်သားတွေအားလုံး အရေးပေါ်အခြေအနေအရထွက်ခွာနေရတဲ့အချိန်မှာ ပြုပြင်ထိန်းသိမ်းရေး
ဝန်ထမ်းတစ်ယောက်ဖြစ်သူ တူကူယွဲ့ဟာ မတော်တဆမှုတစ်ခုကြောင့်အဖွဲ့ခေါင်းဆောင် မာလန်ရှင်းရဲ့ အသိပေးချက်ကိုလွဲချော်ခဲ့ပြီးတစ်ယောက်ထဲ လကမ္ဘာပေါ်မှာကျန်ရစ်ခဲ့ပါတော့တယ်မထင်မှတ်ထားပဲ “လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် “ဟာမအောင်မြင်သွားပဲ တူကူယွဲ့ဟာ စကြဝဋ္ဌာအတွင်းမှာနောက်ဆုံးသော အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သွားခဲ့ပါတော့တယ်
အဲဒီမှာ သူ့ရဲ့ဘဝကို လကမ္ဘာပေါ်မှာ အချိန်ကုန်ရင်းနဲ့…..?” ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ ရင်ဆိုင်ရမလဲ ?တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘဝကို ဘယ်လိုတွေကုန်ဆုံးမလဲ ? သူဒီစကြဝဋ္ဌာအတွင်းကနေရော လွတ်မြောက်နိုင့်ပါ့မလား…? ဆိုတာဟာသနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင်
Genre: Comedy , Science Fiction
Actor: Shen Teng , Ma Li , Chang Yuan , Li Chengru , Cailun Huang , Jackie Li , Huang Zitao , Wang Chengsi , Gao Haibao , Shi Pengyuan
Director:
Writer:
Country: China
Release: 2022-07-29
Duration: 122 Min
Quality: HD
Rating: 1
7.1
Copyright 2024