to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
National Secret Agent
ဒီတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ ရှေးပဒေသရာဇ်ခေတ်မှာဘုရင်တွေလျှို့ဝှက်ဖွဲ့စည်းထားတဲ့ သူလျှိုမလေးတွေအဖွဲ့အစည်းအကြောင်းပဲဖြစ်ပါတယ်။ဒီလျှို့ဝှက်သူလျှိုမလေးတွေကို အထူးလေ့ကျင့်ပေးထားပြီး နေရာအနှံ့လွှတ်ထားပါတယ်။အပေါ်ယံမှာတော့ ဘုရင်မင်းကြီးကိုယ်စား တိုင်းပြည်ရဲ့မတရားမှုတွေကိုစောင့်ကြည့်ပေးသလိုနဲ့ တကယ်တော့ ပုန်ကန်ဖို့ကြံစည်နေတဲ့သူတွေကိုဖော်ထုတ်ရတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ဘုရင်ရဲ့ညီတော်ဟာပုန်ကန်ဖို့ကြံစည်နေတဲ့လျှို့ဝှက်စာကို သူလျှိုမလေးလော်ပင်းရသွားပြီးနောက်ဘုရင်မင်းကြီးဆီကိုလျှောက်တင်ဖို့လက်ဆင့်ကမ်းတဲ့အချိန်မှာ သစ္စာဖောက်သူလျှိုနဲ့ကြုံတွေ့လိုက်ရပါတယ်။ သစ္စာဖောက်သူလျှိုရဲ့နှုတ်ပိတ်တဲ့ရန်ကနေသီသီလေးလွတ်ပြီးတောင်ပေါ်ကအိမ်လေးတစ်အိမ်ကိုရောက်သွားခဲ့ပါတယ်။သူ့ကိုကယ်လိုက်တဲ့သူကလဲ သူလျှိုဟောင်းတစ်ယောက်ဖြစ်နေတော့တိုင်းပြည်အတွက်အရေးအရမ်းကြီးတဲ့ဒီလျှို့ဝှက်ကို ဘုရင်ကြီးလက်အပ်နိုင်ဖို့ ကူညီပေးပါတယ်။အဲဒီအချိန်မှာပဲသစ္စာဖောက်တွေရောက်လာပြီး တိုက်ခိုက်ကြတော့သူလျှိုဟောင်းကအသက်ပေးလိုက်ရပါတယ်။ သူမသေခင်မှာသူ့သားကို လော်ပင်းကိုမြို့တော်ကိုဘေးကင်းအောင်လိုက်ပို့ပေးဖို့မှာရင်း အသက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့သူလျှိုမလေးလော်ပင်းနဲ့ တောတွင်းသားလေးတို့ရဲ့စွန့်စားခန်းစတင်ပါတော့တယ်……
Genre: Action
Actor: Pan Yuanjia , Pari , Liao Weiwei , He Meitian , Han Zhao , Ke Lala
Director:
Writer:
Country: China
Release: 2023-11-13
Duration: 87 Min
Quality: HD
Rating: 0
2
Copyright 2024