to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Non Negotiable
“Non Negotiable” ရုပ်ရှင်ဟာ 2024 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့မက္ကဆီကို မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အထူးစစ်ဆင်ရေးရဲဌာနရဲ့ ကျွမ်းကျင်ဓားစာခံညှိနှိုင်းရေးမှူး Alan Bender ကို အဓိကဦးတည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။Alan ဟာ ပရော်ဖက်ရှင်နယ် နယ်ပယ်မှာအောင်မြင်နေပေမဲ့သူ့ရဲ့ဇနီး ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးသာယာမှုအပိုင်းကိုလျစ်လျူရှုနေတာကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကတင်းမာလာခဲ့ပါတယ်။ဒီအခြေအနေကိုဖြေရှင်းနေစဉ်မှာပဲ ပြန်ပေးသမားတဦးကနိုင်ငံတော်သမ္မတနဲ့ Alan ရဲ့ဇနီးကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးလိုက်တဲ့အခါမှာ သူဟာ အသက်အန္တရာယ်စွန့်စားရတဲ့ အခြေအနေနဲ့ရင်ဆိုင်ရပါတော့တယ်။ပြန်ပေးဆွဲသူ Vicente Zambrano ဟာ လူမှုတရားမျှတမှုကိုရှာဖွေသူဖြစ်ပြီး သူနှစ်သက်တဲ့ ဆေးရုံနဲ့ စာသင်ကျောင်းအတွက်အစိုးရကို အလှူငွေပေးဆပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ Alan နဲ့ Vicenteတို့ကြားက တင်းမာသောအငြင်းပွားမှုတွေ ဆက်တိုက်ပေါ်ပေါက်လာသည်နှင့်အမျှ သူတို့နှစ်ဦးဟာ ကိုယ်ရေးကိုယ်တာအရဘယ်လိုပတ်သက်မှုတွေရှိနေခဲ့တာလဲ၊ အတိတ်ကဒဏ်ရာဟောင်းတွေနဲ့သွေးကြွေးဆပ်ချင်နေတဲ့ Vicente ကို Alan က ဘယ်လိုစည်းရုံးသွားမှာလဲ၊ သူတို့နှစ်ဦးကြား ဉာဏ်ကစားမှု ခံစားချက်အားပြိုင်မှုတွေကိုသည်းထိပ်ရင်ဖိုစောင့်ကြည့်ရမယ့် မှုခင်းအက်ရှင်ကားကောင်းတခုဖြစ်ပါတယ်။
Genre: Action , Comedy , Thriller
Actor: Mauricio Ochmann , Enoc Leaño , Fernanda Borches , , , , , ,
Director:
Writer:
Country: Argentina
Release: 2024-07-25
Duration: 86 Min
Quality: HD
Rating: 1
6.211
Copyright 2024