to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Northspur
ဒီကားထဲမှာတွေ့ရမယ့် ကမ္ဘာကြီးမှာရောဂါပိုးမွှားတွေနဲ့ ပြည့်နှက်နေပြီးကမ္ဘာ့လူဦးရေကလည်း အနည်းငယ်သာကျန်ပါတော့တယ်။ကျန်ခဲ့တဲ့ လူတွေကလည်း သင့်သင့်မြတ်မြတ်နေရမဲ့အစား အသက်ရှင်သန်နိုင်ဖို့အတွက်အချင်းချင်းသတ်ဖြတ်ပြီး ကြမ်းတမ်းတဲ့ကမ္ဘာကြီးတစ်ခုဖြစ်နေပါတော့တယ်။ဒီလိုရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်သန်နိုင်ဖို့အရေးအကြီးဆုံးအရာကတော့ အစားအသောက်မဟုတ်ဘဲ ဆေးဝါးဖြစ်နေပါတယ်။အဲ့ဒီကာလမှာ ခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုခုဖြစ်တာနဲ့ ပိုးဝင်ပြီးသေဆုံးမဲ့သေလူလို့ သတ်မှတ်လိုက်လို့ရပါပြီ။အဲ့ဒါကို ကယ်တင်နိုင်မဲ့တစ်ခုတည်းသော နည်းလမ်းကတော့ ပိုးသတ်ဆေးတွေထိုးဖို့ပဲဖြစ်ပါတယ်။ကယ်လန်နဲ့ မလင်ဒါတို့ကလည်း ဒီလိုကမ္ဘာကြီးထဲမှာနေထိုင်နေကြတဲ့လူတွေထဲမှာအပါအဝင်ဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ တစ်နေ့မှာ မလင်ဒါဒဏ်ရာရခဲ့ပြီးသေလုမြောပါးဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ကယ်လန်က သူ့မိန်းမရဲ့အသက်ကိုကယ်တင်ပေးနိုင်ဖို့အတွက် ဆေးရှာပုံတော်ထွက်ခဲ့ပါတော့တယ်။အိမ်မှာ ကျန်ခဲ့တဲ့မလင်ဒါလည်း ဒဏ်ရာတစ်ဖက်နဲ့ သူတို့အိမ်ထဲ ကျူးကျော်လာရတဲ့ ရန်သူတွေကိုရင်ဆိုင်ရတဲ့အပြင် ကယ်လန်ကလည်း သူ့မိန်းမကိုကယ်ဖို့အတွက် ဆေးတွေကိုရဖို့နည်းလမ်းတွေ့ခဲ့ပေမဲ့ အရမ်းခက်ခဲနေတဲ့အခါမှာတော့ ကယ်လန်တစ်ယောက်သူ့မိန်းမကို အချိန်မီကယ်တင်နိုင်ပါ့မလား လင်မယားနှစ်ယောက်ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
Genre: Action , Drama , Thriller
Actor: Michael Hurst , Josh McKenzie , Marshall Napier , Delaney Tabron , Nell Fisher , Nick Kemplen , Kali Kopae
Director:
Writer:
Country: New Zealand
Release: 2021-07-27
Duration: 100 Min
Quality: HD
Rating: 0
7
Copyright 2024