Once Upon a Time in the Northeast: My Name is Zhao Hongbing
ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၉၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ
အရှေ့မြောက်ပိုင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းလေးကိုရေသားဖော်ပြထားတဲ့
Kong Ergou ရဲ့ “The Past in Northeast China” ဝတ္ထုကို
အခြေခံရိုက်ကူးထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ရှင်၁၉၉၀ ပြည့်နှစ်ဝန်းကျင် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်…,
ကျောက်ဟုန်ပင်းဆိုသူဟာ ယန်တယုံဆိုတဲ့ လူတစ်ယောက်ကို
ကားနဲ့မတော်တဆတိုက်မိပြီး ထွက်ခွာလာခဲ့ပါတယ်
၂ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျောက်ဟုန်ပင်းဟာ
ဇာတိမြေဆီကိုပြန်လာခဲ့ပါတယ် တစ်ဖက်မှာလဲ ဖခင်က
ကားတိုက်ခံတဲ့ဒဏ်ရာကြောင့် ဒုက္ခတဖြစ်နေသည့်အတွက်
ယန်တယုံရဲ့တစ်ဦးသော သားဖြစ်သူ ၁၀ နှစ်သားအရွယ်ရှောင်လုံဟာ
သူတို့နယ်မြေရဲ့ လူမိုက်တစ်ယောက်ထံမှာ အလုပ်ဝင်လုပ်ရင်း
အခက်အခဲပေါင်းများစွာ/အနိုင်ကျင့်ခံမှုပေါင်းများစွာကိုခံစားရပါတော့တယ် ဒ
ါတွေအားလုံးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီး
သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတဲ့ ကျောက်ဟုန်ပင်းဟာ
အရာအားလုံးအရင်လိုပြန်ဖြစ်ရေး/ အေးချမ်းတဲ့နေ့ရက်တွေကို
ပြန်လည်ရရှိစေရေးအတွက် နောက်မဆုတ်တမ်း
ကြိုးစားခဲ့ရင်းကနေ ပြဿနာကြီးတစ်ခုဖြစ်ပွားလာခဲ့တဲ့အခါ….?
ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုမျိုးရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ကြရမှာလဲ?❐ လူတစ်ယောက်ဖြစ်လာရင် အသိစိတ်ရှိပြီး လိပ်ပြာလုံလုံနဲ့
နေနိုင်ရမယ်လို့ မှတ်ယူထားတဲ့ ကျောက်ဟုန်ပင်းတစ်ယောက်
အတိတ်ကဖြစ်ခဲ့တဲ့ အမှားတွေကိုပြန်လည်ပြင်ဆင်နိုင်ပါ့မလား…?
ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်လားရှင်
ဒီဇာတ်ကားထဲမှာဆိုရင် ညီအစ်ကိုတွေကြားထဲက သံယောဇဥ်/
မိတ်ဆွေတွေရဲ့ သံယောဇဥ် အစရှိတဲ့ သံယောဇဥ်နက်ရှိုင်းပုံတွေကို
ဦးစားပေးဖော်ပြထားတာမို့ ကြည့်ရှုသူတွေအတွက်
ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်