to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Once Upon Two Times
ဒီတစ်ခါမှာတော့ အိန္ဒိယဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။အာဟန်ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့ဖြစ်ချင်စိတ်နဲ့ သီချင်းတွေနောက်ကိုလိုက်ရင်း စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို နိုင်ငံခြားမှာ ယူဖို့ ကျောင်းသွားတက်ချင်သူတစ်ဦး။သူ့မှာ ရူဟီဆိုတဲ့ အရမ်းကိုချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိပြီးတော့ ကျောင်းသွားဖို့ဝေးရမယ်ဖြစ်လာတော့ ချစ်သူတို့ရဲ့ ထုံးစံအတိုင်း မခွဲနိုင်ဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။တစ်ဖက်မှာလည်း ရူဟီရဲ့အဖေက သူ့အလုပ်ကနေ ထွက်ခဲ့ပြီး အလုပ်ထွက်လို့ဆိုပြီး သူဌေးက လက်ဆောင်အနေနဲ့ ပေးတဲ့လေးရက်တာ မိသားစုနဲ့အတူခရီးသွားခွင့်ရပြီးတော့ ခရီးထွက်ခဲ့ကြရင်းနဲ့အာဟန်ရဲ့အဖေနဲ့ ရူဟီရဲ့အမေကလည်း တစ်ချိန်က အခုအာဟန်နဲ့ရူဟီလိုပဲ ခွဲရဖို့ဖြစ်လာတဲ့အတွက်ခိုးပြေးဖို့အထိ ဇာတ်လမ်းတွေရှိခဲ့ပြီးမှ ချစ်တိုင်းလည်းမညားဖြစ်ခဲ့ရတဲ့အကြောင်းကိုသိလိုက်ရပြီးတော့ နှစ်ဖက်မိဘလုံးက သူတို့လက်ထပ်ဖို့ကို ခါးခါးသီးသီးငြင်းဆန်လာချိန်မှာတော့…အာဟန်နဲ့ ရူဟီတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ….သူတို့ မိဘတွေကရော ဘယ်လို ဇာတ်လမ်းတွေရှိခဲ့ကြလဲ …….သူတို့ဖြစ်နေတဲ့ ပြဿနာတွေကရော ပြေလည်သွားပါ့မလား။ တစ်ချိန်က သူတို့မိဘတွေလိုမျိုးခါးသီးတဲ့ဇာတ်သိမ်းဖြစ်လာမလား၊ ချိုမြိန်တဲ့ချစ်ခြင်းနဲ့အဆုံးသတ်သွားမလားဆိုတာတွေကိုဒရာမာကားပီသစွာနဲ့ ကြည့်ရှူရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
Genre: Drama
Actor: Mrinal Kulkarni , Sanjay Suri , Anud Singh Dhaka , Nitesh Pandey
Director:
Writer:
Country:
Release: 2023-12-29
Duration: 0 Min
Quality: HD
Rating: 0
0
Copyright 2024