to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Purple Butterfly
ဇာတ်ကတော့ ဂျပန်တွေ တရုတ်ပြည်ကို ကျူးကျော်လာတဲ့အချိန်နားမှာပဲစတယ်။ Second Sino-Japanese War အစပျိုးတော့မယ့် ကာလမှာပေါ့။ ဒီကာလက ဂျပန်ဆန့်ကျင်တဲ့ တော်လှန်ရေးသမားတွေရယ် စပိုင်တွေရယ် ဂျပန်ဘက်က ထောက်လှမ်းရေးတွေရယ်ရဲ့ အားပြိုင်မှုကို အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ အတူတူသွတ်သွင်းထားတာ။ ဒီလိုမျိုး ခပ်ဆင်ဆင်ကြည့်ဖူးတယ်မလား။ အန်းလီရဲ့ Lust Caution။ ခေတ်တော့အတူတူပဲ။ ဒါပေမဲ့ Purple Butterfly ကတော့ အစပြုတော့မယ့်ကာလမှာ ဇာတ်အိမ်တည်ထားပြီး Lust Cautionကတော့ ဖြစ်နေတဲ့ကာလတွေ အရှိန်အဟုန်ကောင်းနေတဲ့ကာလတွေမှာ တည်ထားတယ်။ ဒါပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေးဆင်တယ်။ တင်ဆက်ပုံတော့ တော်တော်ကွဲပြားတယ်။ပြောရရင် အန်းလီရဲ့ Lust Cautionကိုပဲ တခြားဟန်နဲ့ ခေတ်နည်းနည်းစောပြီး တင်ဆက်သလိုလိုတော့ဖြစ်နေတယ်။ အတိအကျတော့မဟုတ်ပေမဲ့ပေါ့။ ဒီကားက အန်းလီကားထက် ၄နှစ်စောပေမဲ့ Lust Cautionကတော့ မသိသူမရှိတာမို့ ဒီလိုပဲ ဥပမာပြရမှာပဲ။ Lou Yeရဲ့ အိပ်မက်ဆန်တဲ့အခင်းအကျင်းမှာ ဇာတ်ကောင်တွေရဲ့ ဒွိဟတွေရော အချစ်တွေရော တာဝန်တွေရော ရောထွေးနေတာတွေက အန်းလီတင်ဆက်သလိုမျိုး ပြေပြေပျစ်ပျစ်ခေါင်းထဲဝင်သွားတာမျိုးတော့ မဟုတ်ဘူး။ဒါပေမဲ့လည်း ဇာတ်အိမ်က အန်းလီလောက်မကျစ်လစ်နေတာတောင် လုရီရဲ့အိပ်မက်ဆန်တဲ့အခင်းအကျင်းက ရတဲ့အရသာကလည်း အန်းလီအောက်မနိမ့်ဘူး။ ကျန်းကျိရီဟာလည်း ထျန်းဝေလောက်တော့ ဈာန်ဝင်ခွင့် ဖမ်းစားခွင့်မရခဲ့ပေမဲ့ ကျန်းကျိရီရဲ့ လျှပ်တစ်ပြက်ရုပ်ပုံလွှာတွေဟာ ကျွန်တော်တို့အတွက် သူယောင်မယ်ကို အိပ်မက်မက်ရသလို အတွေးထဲ စိုးနိုင်ခဲ့တယ်။
Genre: War , Drama , History
Actor: Zhang Ziyi , Liu Ye , Feng Yuanzheng , Toru Nakamura , Li Bingbing , Leni Lan , Yao Anlian , Wang Kai ,
Director: Wang Wei , ,
Writer:
Country: China
Release: 2003-07-04
Duration: 127 Min
Quality: HD
Rating: 1
6.6
Copyright 2024