to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
ReBroken
ဒီဇာတ်ကားလေးကတော့ Los Angeles မှာကျင်းပတဲ့ Playhouse West Film Festival မှာဆုနှစ်ခုဆွတ်ခူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Rotten tomatoes မှာလည်း Audience score 90%အထိရရှိထားတဲ့ budget အရမ်းမများတဲ့ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လိုက်ကြီး Will က ကွယ်လွန်သွားတဲ့လူတစ်ယောက်ကို လွမ်းဆွတ်နေရသူတစ်ဦးပါ။ သူဟာအကြောင်းကြောင်းကြောင့် တရားရုံးအမိန့်အရ ပူဆွေးနေသူတို့ဖို့ အုပ်စုဖွဲ့ကုထုံးတစ်ခုကို မတက်မဖြစ်တက်ရောက်နေရသူပါ။ ထိုကုထုံးမှာသူ လျှို့ဝှက်ဆန်းကြယ်တဲ့သူစိမ်းနှစ်ယောက်နဲ့ဆုံတွေ့ပြီးနောက် သူ့အတွက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတော့တယ်။ထိုပြောင်းလဲမှုတွေဟာ ကောင်းသောပြောင်းလဲမှုတွေလား ဆိုးသောပြောင်းလဲမှုတွေလားဆိုတာတော့ သူကိုယ်တိုင်တောင်နားမလည်နိုင်ခဲ့ဘူး။ ဆန်းကြယ်တဲ့သူစိမ်းတွေရဲ့လမ်းညွှန်မှုအောက် Will တစ်ယောက်သူရှာနေတာကို ပြန်တွေ့နိုင်မှာလားဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ကြည့်ရှုခံစားရမယ့် psychological thriller ဇာတ်ကားလေးဖြစ်ပါတယ်။ Psychological thriller တို့ထုံးစံအတိုင််း လည်ထွက်သွားမယ့် plot twist လေးတွေနဲ့ပါ။
Genre: Drama , Horror , Thriller
Actor: Scott Hamm Duenas , Kipp Tribble , Alison Haislip , Tobin Bell , Nija Okoro , Richard Siegelman
Director:
Writer:
Country: United States of America
Release: 2023-03-07
Duration: 0 Min
Quality: HD
Rating: 0
4.5
Copyright 2024