to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Rest in Peace
Rest in Peace ( 2024 )အာဂျင်တီးနားရုပ်ရှင်လောကဟာ လက်တင်အမေရိကရဲ့ အဖွံ့ဖြိုးဆုံးရုပ်ရှင်လောက ၃ခုထဲက တစ်ခုပါပဲ။ နောက်နှစ်ခုကတော့ မက္ကဆီကိုနဲ့ဘရာဇီး။ မက္ကဆီကိုမှာတော့ Alfonso Cuarónတို့ , Alejandro González Iñárrituတို့ , Guillermo del Toroတို့လို နာမည်ကျော် ဒါရိုက်တာတွေပေါ်ထွန်းပြီးသား ဘရာဇီးမှာတော့ City of God ဒါရိုက်တာ Fernando Meirellesတို့, The Motorcycle Diariesဒါရိုက်တာ Walter Sallesတို့လိုလူတွေ ပေါ်တာကြာပြီပေမဲ့ အာဂျင်တီးနားမှာတော့ သိသလောက် အဲဒီလောက်နာမည်ကျော်တွေတော့ မရှိသလောက်ပဲ။ အာဂျင်တီးနားအာဂျင်တီးနားရုပ်ရှင်တွေနဲ့ ကျွန်တော်တော့ တော်တော်စိမ်းသေးတယ်ဆိုတာထက် ကြည့်ဖူးတာတောင် ၅ကားပြည့်မယ်မထင်ဘူး။ ဒါလည်း အင်တာမှာ ပေါ်ပြူလာဖြစ်လာတဲ့ ကားတွေလောက်ပါပဲ။ တနှစ်ကနဲ့ မနှစ်ကတော့ အင်တာမှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ အာဂျင်တီးနားကားတစ်ကားစီထွက်ခဲ့သေးတယ်။ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Argentina, 1985ရယ် မနှစ်က ဒီမှာလည်း လူတော်တော်ကြည့်ခဲ့ကြတဲ့ When Evil Lurksရယ်ပေါ့။ ကျွန်တော်ကြည့်ဖူးသလောက်နဲ့တော့ အာဂျင်တီးနားကားတွေရဲ့ ကိုယ်ပိုင်ဟန်ကို Cultureကို မမြင်ရသေးဘူး။ ဒါပေမဲ့လည်း When Evil Lurksတုန်းက သူ့ဟော်ရာက တော်တော်ဟော်ရာပီသခဲ့သလို Rest in Peace ( 2024 )မှာတော့ သူတို့လူနေမှုဘဝကို ရေးတေးတေးတော့ မြင်လာသလိုရှိလာတယ်။ ရှေ့ကကားတွေလည်း မြည်းကြည့်ပြီးပြီ သိပ်မမြည်းဖူးသေးတဲ့ အာဂျင်တီးနာစီနီမာကို ဆက်မြည်းကြည့်ချင်တယ်ဆို Rest in Peaceဟာ တော်တော်ကြည့်ကောင်းမယ့်ရုပ်ရှင်ပါပဲ။ လောလောဆယ်တော့ တခြားထင်ထင်ရှားရှား အာဂျင်တီးနားကားလည်းမရှိသေးတော့ ရွေးစရာလည်းမရှိပါဘူး။ သူ့အရသာကတော့ အီရန်လိုလို ဘာလိုလိုပါပဲ။ အီရန်ကားကြိုက်ရင်လည်း ကြည့်လို့မမှားဘူး။ လောလောဆယ်တော့ ရှေ့က အာဂျင်တီးနားနှစ်ကားထက်ပိုတဲ့ rotten tomatoes rating 100% အပြည့်ရထားတယ်။ နောက်တော့ နည်းနည်းကျဦးမှာပေမဲ့ ဇာတ်ကတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ ကောင်းတဲ့ကားပါပဲ။
Genre: Drama , Thriller
Actor: Joaqun Furriel , Griselda Siciliani , Gabriel Goity , Lali Gonzlez , Luciano Borges
Director:
Writer:
Country: Argentina
Release: 2024-03-21
Duration: 105 Min
Quality: HD
Rating: 0
7.1
Copyright 2024