to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Retreat
သရုပ်ဆောင်ထားတဲ့ နာမည်ကြီးမင်းသား Cillian Murphyပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2010 ခုနှစ်တုန်းကဒရာမာ သည်းထိပ်ရင်ဖိဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Retreat ဖြစ်ပြီး ကမ္ဘာပျက်ရုပ်ရှငဇာတ်ကားတွေလိုပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ကြည့်ဖို့အချိန်ပေးရတာတန်စေမဲ့ဇာတ်ကာကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကိတ်နဲ့ မာတင်တို့ ဇနီးမောင်နှံနှစယောက်ရဲ့အိမ်ထောင်ရေးကနည်းနည်းယိုယွင်း ပျက်စီးနေပြဖြစ်တဲ့အတွက် ဇာတ်ကားနာမည်အတိုင်း Retreat(ပြန်လည်ထူထောင်ရေး)လုပ်ဖို့အတွက်ဘလက်ဟုမ်းဆိုတဲ့ ကျွန်းတစ်ကျွန်းဆီကိသွားခဲ့ကြပါတော့တယ်။အဲ့ဒီမှာ အိမ်လေးတစ်လုံးကို ငှားကာလင်မယားနှစ်ယောက်အတူတူအပန်းဖြေခဲ့ကြပြီး အိမ်ထောင်ရေးပြန်လည်အဆင်ပြေဖို့မျှော်လင့်နေပေမဲ့ တစ်ရက်ထက်တစ်ရက်ပိုပိုဆိုးလတာပဲရှိခဲ့ပါတယ်။ဖြစ်ချင်တော့ သူတို့ရဲ့ အိမ်ရှင်ရှိရာ ကုန်းမကြီးကိုလည်းရေဒီယိုနဲ့ဆက်သွယ်လို့မရ အိမ်မှာသုံးနေတဲ့မီးစက်ကလညပျက်နဲ့တော်တော်ကိုတိုင်ပတ်နေခဲ့ပါတော့တယ်။ကျွန်းပေါ်က ထွက်သွားဖို့ကျတော့လည်း ဘာလှေ ဘာသင်္ဘောမှမရှိတဲ့အတွက် နှစယောက်သားအဲ့ဒီကျွန်းပေါ်မှာ ပိတ်မိနေကြပါတော့တယ်။အဲ့ဒီအချိန်မှာ သူတို့အိမ်ကိုစစ်တပ်က လူတစ်ယောက်ရောက်လာခဲ့ပြီအပြင်မှာ လေထဲကနေ ကူးစက်တဲ့ ကြောက်စရာဗိုင်းရပ်စ်တစ်ခုကမ္ဘာအနှံ့ပြန့်နှံ့နေပြီးအိမ်ထဲမှာပဲ လေလုံအောင်အလုံ ပိတ်နေရမယလို့ ပြောခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်လည်း နှစ်ယောက်တည်းပိတ်မိနေရာကနေသုံးယောက်ဖြစ်သွားပြီး ကြောက်စရကောင်းတဲ့ဗိုင်းရပ်စ်ကြီးကြားမှာအသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ရုန်းကန်ကြိုးစားကြပုံတွေကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
Genre: Drama , Horror , Thriller
Actor: Cillian Murphy , Jamie Bell , Thandiwe Newton , Jimmy Yuill ,
Director: , Jennifer L. Smith , Samantha Waite , Michael Rosenberg , , , , , , , , , , ,
Writer:
Country: United Kingdom
Release: 2011-10-14
Duration: 89 Min
Quality: HD
Rating: 1
5.6
Copyright 2024