to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Ribspreader
၂၀၂၂ထွက် သွေးသံတရဲရဲနဲ့ ရူးချင်စရာ အော်ဂလီဆန်စရာ စိတ်ညစ်စရာရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဘရိုင်ယန်ဘန်းစ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်။ သူကအရင်ကတော့ နာမည်ကြီးစီးကရက်ကြော်ငြာထဲက နာမည်ကျော်ကြော်ငြာမင်းသား။ အခုတော့ သူ့လုပ်ရပ်တွေရဲ့အပြစ်တွေကိုခံစားနေတဲ့သူ။သူ့အမေဖြစ်သူကိုယ်တိုင် သူကြော်ငြာခဲ့တဲ့ ဆေးလိပ်တွေကိုသောက်ပြီး အဆုတ်ကင်ဆာနဲ့ဆုံးသွားပြီးတဲ့နောက် သူခံစားနေရတာတွေက ပိုဆိုးလာခဲ့တယ်။ တစ်ရက်မှာ ဆေးလိပ်ကင်းစင်ရေးဆိုင်းဘုတ်က ဆေးလိပ်ဇာတ်ကောင်ပုံကို အမှတ်မထင် ကြည့်မိလိုက်ရာကနေ ဒီဆေးလိပ်ဟာ အသက်၀င်လာပြီး ဘရိုင်ယန်ဟာ ဆေးလိပ်ကောင်ရဲ့ ကြိုးဆွဲရုပ်တစ်ရုပ်လိုထိန်းချုပ်သိမ်းသွင်းခြင်းကိုခံလိုက်ရတဲ့နောက်မှာ ဘရိုင်ယန်ဟာ တစ်မြို့လုံးက ဆေးလိပ်သောက်သူတွေကို လိုက်လံသတ်ဖြတ်အပြစ်ပေးတဲ့ ကွင်းဆက်လူသတ်သမားတစ်ဦးဖြစ်လာပါတော့တယ်။ဒီလိုနဲ့ လူသတ်အဖွဲ့အစည်းတွေထဲမှာလည်း ဂိုဏ်းအချင်းချင်း ပြိုင်ဆိုင်မှုတွေ နယ်မြေလုစစ်ပွဲတွေဖြစ်လာတဲ့နောက်မှာတော့ ဘရိုင်ယန်ဟာ သူ့ရဲ့တာ၀န်ကိုဆက်လက်ထမ်းဆောင်နိုင်ဖို့ရာ အမျိုးမျိုးအဖုံဖုံသော ဒီလူသတ်သမားတွေနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ ရိုင်းစိုင်းတဲ့စကားအပြောအဆိုတွေ၊ ညစ်ညမ်းတဲ့ရိုက်ချက်တွေ တပုံတပင်ကြီးပါ၀င်တာကိုတော့ သတိချပ်ပေးပါ။
Genre: Comedy , Horror
Actor: Tommy Darwin , Marni Russo , Neil Foley , Tess OFlaherty , Chloe Mortem , Tammi Mortem , Ben Gel , Laurence R Harvey , Lloyd Kaufman
Director:
Writer:
Country: Australia
Release: 2022-10-22
Duration: 90 Min
Quality: HD
Rating: 0
4
Copyright 2024