to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Romantic Island
ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါ အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။ Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့… မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကို Romance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။
Genre: Comedy , Drama , Romance
Actor: Lee Sun-kyun , Lee Soo-kyung , Lee Min-ki , , Lee Il-hwa , Jin Seo-yeon , Lee Moon-sik
Director:
Writer: ,
Country: South Korea
Release: 2008-12-24
Duration: 105 Min
Quality: HD
Rating: 1
6.4
Copyright 2024