to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Scandal
မွန်းဂျောင်အင် (Han Chae-Young) ဆိုတဲ့အမျိုးသမီးကအရမ်းရည်မှန်းချက်ကြီးသလို အောင်မြင်မှုအတွက်သာဆိုဘာမဆိုလုပ်နိုင်တဲ့သူဖြစ်တဲ့အလျောက် ငွေမျက်နှာတစ်ခုတည်းနဲ့ဆရာဝန်ဘဲ့ဒုံဟိုကို လက်ထပ်ကာ ဘဲ့ဒုံဟိုရဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းယူပြီး သူ့ကို ရက်စက်စွာ ထားပစ်ခဲ့သူပါ။အဲဒီနောက် မွန်းဂျောင်အင်က ဒရာမာတွေကို ရိုက်ကူးထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့သူဌေးတစ်ယောက်ဖြစ်လာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဘဲ့ဒုံဟို မှာကလည်း သူ့ရဲ့ အရင်အိမ်ထောင်နဲ့ရတဲ့ ဘဲ့ဆောအာ(Han Bo-Reum) ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမဲ့ မွန်းဂျောင်အင်ကြောင့်သူမက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရသူပါ။ဘဲ့ဆောအာက မိဘမဲ့ဂေဟာမှာ သူနဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့ ဆောဂျင်ဟို (Choi Woong)ဆိုတဲ့ ကောင်လေးနဲ့ ချစ်ကျွမ်းဝင်ပြီးလက်ထပ်ဖို့အထိ စီစဉ်ခဲ့ကြပေမဲ့ မင်းသားဖြစ်ချင်တဲ့ ဆောဂျင်ဟိုကတော့ မွန်းဂျောင်အင်နဲ့ တွေ့ဆုံပြီး လက်ထပ်ပွဲကိုပေါ်မလာဘဲ ပျောက်ကွယ်သွားပြီးနောက် ဂျောင်ဝူဂျင်းဆိုတဲ့နာမည်နဲ့မင်းသားတစ်ယောက်အဖြစ် ပြန်လည်ထွက်ပေါ်လာပါတော့တယ်။ဘဝမှာ ဒုက္ခပင်လယ်ဝေနေတဲ့ ဘဲ့ဆောအာတစ်ယောက်အောင်မြင်တဲ့ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်လာတဲ့အခါမိထွေးဖြစ်သူနဲ့ ချစ်သူဖြစ်ခဲ့တဲ့ သူနှစ်ယောက်ကို ဘယ်လိုတွေလက်စားချေသွားမှာလဲဆိုတာကို အပိုင်း (၁၀၁) ပိုင်းတောင်ရှိတဲ့အတွက်အားရပါးရ လောင်ရင်းကြည့်ရှုသွားရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Genre: Drama
Actor: Han Chae-young , Choi Woong , Lee Jun-hyuk , Han Bo-reum , Kim Kyu-seon , Ma Yuan
Director:
Writer:
Country: South Korea
Release: 2024-06-17
Duration:
Quality: HD
Rating: 1
0.00
Copyright 2024