Scoop
Mid day ရဲ့သတင်းထောက် Jyotirmoy Dey 2011 မှာ အမှုစွပ်စွဲခံရရာကနေ
Behind Bars in Byculla:My days in Prison ဆိုတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန်စီးရီးကို
Netflix ကနေထုတ်လွှင့်လိုက်တာပဲဖြစ်ပါတယ်
Scoop ဆိုတာ informal အဓိပ္ပာယ်အရဆိုရင် အပြိုင်သတင်းပေါ့ သတင်းစာတိုက်တွေကြား
ကိုယ်ကသတင်းထူးသတင်းဦးကို လုပြီး ပုံနှိပ်ဖော်ပြရတာမျိုးပါ
အဓိကမင်းသမီး ဂျက်ရူတီက East Asia ဂျာနယ်ရဲ့ အဓိကမှုခင်းသတင်းထောက်တစ်ယောက်ပါ
မှုခင်းသတင်းထောက်ဆိုတော့ ရဲတွေရော လမ်းဘေးကကောင်တွေရော ဂိုဏ်းစတားတွေအားလုံးနဲ့
အဆက်အသွယ်ရှိပါတယ် သူ့အတွက်က သတင်းရဖို့အတွက်ဆိုရင် မိသားစုကိုပါဘေးချိတ်ပြီး
သတင်းရမဲ့နေရာကိုပြေးတဲ့ သတင်းထောက်တစ်ယောက်ပါ
အဲဒီအချိန်မှာပဲ သူ့ရဲ့ပြိုင်ဘက်သတင်းထောက်တစ်ယောက်က အသတ်ခံလိုက်ရတဲ့အခါမှာ
လူတိုင်းက ဂျက်ရူတီတစ်ယောက် သူ့ရဲ့မြေအောက်လောကအဆက်အသွယ်တွေကိုသုံးပြီး
သူ့ပြိုင်ဘက်ကို လုပ်ကြံလိုက်တာလို့ပဲ ယူဆကြပါတော့တယ်
ဂျက်ရူတီတစ်ယောက် အပြစ်ကင်းမကင်း သူ့ရဲ့အပြစ်ကင်းမှုကို မှုခင်းသတင်းထောက်ပီပီ
ကိုယ်တိုင် ဘယ်လိုသက်သေပြဖို့ကြိုးစားမလဲဆိုတာ