to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Shadow of Fire
ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီးဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင်“အနက်ရောင်ဆီးနှင်းကျတဲ့ည”လို့တင်စားခေါ်ဝေါ်တဲ့တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်းတစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများအပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာအသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကိုလစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေးတစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန်စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာအစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည်ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက်ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါထင်ဟပ်ပြသထားပြီး တကယ့်ကို ခံစားမှုရသပေးစွမ်းနိုင်တဲ့စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားကောင်း တစ်ကားလို့ ဆိုပါရစေ။
Genre: Drama , War
Actor: Shuri , Mirai Moriyama , , , ,
Director:
Writer:
Country: Japan
Release: 2023-11-25
Duration: 95 Min
Quality: HD
Rating: 1
6.2
Copyright 2024