to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Song of the South
ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပြောပြရရင် အန်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ဖခင်ဟာတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး နယ်ချဲ့တွေကို တောခိုကာပုန်ကန်နေသူပါ…။ဒီအကြောင်းကို အစိုးရအရာရှိတွေသိသွားတော့ အန်နဲ့မိခင်ဖြစ်သူဟာလက်ရှိမြို့ကအိမ်မှာ မနေနိုင်တော့ဘဲ ဖခင်ရှိရာနေရာကို ထွက်ပြေးလာခဲ့ပါတော့တယ်။သို့ပေမယ့် လမ်းတစ်ဝက်မှာ အဓိကရုဏ်းတွေဖြစ်တော့ အန်ရဲ့မိခင်ဟာတိုက်ပွဲတွေကြားကမြေစာပင်အဖြစ် ကျည်ထိပြီး အသက်ပျောက်ခဲ့ရရှာပါတယ်။ဒီလိုနဲ့ အန်လေးတစ်ယောက်တည်း ဖခင်ဆီကို ဘယ်လိုခရီးဆက်မလဲ၊လမ်းတစ်လျှောက်မှာ ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေကစောင့်ကြိုနေမလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာပဲ တစိမ့်စိမ့်စီးမျှောခံစားကြည့်လိုက်ပါတော့ဗျာ…။
Genre: Drama , Family , War
Actor: Trn Thnh , Cng Ninh , Hng nh , Mai Ti Phn , Tun Trn , Tuyn Mp , Ho Khang , Bo Ngc
Director:
Writer:
Country: Vietnam
Release: 2023-10-20
Duration: 110 Min
Quality: HD
Rating: 0
8
Copyright 2024