to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Splinter
Splinter (2022) ===========ဂျွန်တစ်ယောက် ခရစ္စမတ်နေ့မှာ ဇနီးနဲ့သားအတွက် လက်ဆောင် တွေနဲ့အတူ အိမ်ပြန်လာတယ်။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ပျော်ရွှင်ရယ်မောနေမဲ့ ဇနီးနဲ့သားကို တွေ့ရမဲ့အစား သွေးတွေဗရပွနဲ့ အသက်မရှိတော့တဲ့အလောင်းနှစ်လောင်းကိုပဲ တွေ့လိုက်ရတယ်။ ဇနီးနဲ့သားကို ဆုံးရှုံးလိုက်ရတဲ့အချိန်ကစပြီး ဂျွန်ဟာ အပြင်မထွက်၊ လူတွေနဲ့စကားမပြောတော့ဘဲ သူ့ကိုယ်သူ အိမ်ထဲမှာပဲ ပိတ်လှောင် ထားတော့တယ်။ သူစကားပြောဖြစ်တဲ့လူကတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်တည်းပါပဲ။ ဒါ့အပြင် ဂျွန့်မှာ သူငယ်ချင်းတစ် ယောက်ရှိတယ်။ ဘော်ဘီတဲ့။ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းပါတဲ့လေ။ဂျွန်ဟာ ဇနီးနဲ့သားဖြစ်သူကို သတ်သွားတဲ့ လူသတ်သမားကို တဖြည်း ဖြည်းမှတ်မိလာတယ်။ ရောထွေးနေတာတွေ ရှင်းသွားတယ်။ အပေါ် ယံမှာဝေ့နေတဲ့ မြူတွေဟာ ရင်သွေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကြောင့် ပပျောက်သွားပြီး မြူတွေအောက်က အမှန်တရားတစ်ခု ပေါ်လာတယ်။ ဂျွန် သိသွားခဲ့ပါတယ်။ နောက်ပြီး သူဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်တဲ့အခါ ပိတ်လောင်နေတဲ့ ဘဝကြီးလည်း လွတ်မြောက်သွား ရပါတယ်။
Genre: Horror , Thriller
Actor: Bill Fellows , Michael McKell , Jane Asher , LucyJane Quinlan , Sharon Lawrence , Dylan ReevesFellows , Caleb J Burton
Director:
Writer:
Country: Unknown
Release: 2022-11-22
Duration: 75 Min
Quality: HD
Rating: 1
2
Copyright 2024