to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Stay Awake
Stay Awake ရုပ်ရှင်ဟာ 2022ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Sisley ကသူ့ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်အနေနဲ့ ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မိမိရဲ့အိမ်မှာနာမကျန်းဖြစ်နေတဲ့မိသားစုဝင်ကို ပြုစုစောင့်ရှောက်ပေးနေရတဲ့လူနာစောင့်တွေရဲ့ရှုထောင့်ကနေ အလေးပေးဖော်ပြထားပါတယ်။ဆယ်ကျော်သက်ညီအစ်ကို Ethan နှင့် Derek တို့ဟာ သူတို့ရဲ့လူငယ်ဘဝမှာ ဆေးစွဲနေတဲ့ မိခင်ဖြစ်သူ Michelle ကိုပဲပြုစုစောင့်ရှောင့်ရင်းနဲ့ပဲ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းကြရပါတယ်။သူတို့ရဲ့အိပ်မက်တွေကို ဘေးချထားပြီး မိခင်ရဲ့ဆေးဖိုးအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရှာရင်း ဘဝကိုကြိုးစားရုန်းကန်နေကြရပါတယ်။ အခက်အခဲတွေအများကြီးနဲ့ ဘဝကိုဖြတ်သန်းနေရပေမယ့် ညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှပါတယ်။ ဆေးစွဲနေတဲ့မိခင်ကို ဆေးရုံပို့ပေးလိုက် ပြန်လည်ထူထောင်ရေးကိုပို့လိုက်နဲ့ သံသရာလည်နေတဲ့သူတို့ဘဝဟာ ဘယ်လိုအချိုးအကွေ့တွေရှိလာမလဲ၊ သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်သွားနိုင်မလား၊ညီအကိုနှစ်ယောက်နဲ့မိခင်ကြားမှာ ဘယ်လိုဆက်ဆံရေးတွေရှိလာနိုင်လဲဆိုတာကို အံ့အားသင့်ဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။
Genre: Drama
Actor: Wyatt Oleff , Fin Argus , Chrissy Metz , Albert Jones , Cree Cicchino , Quinn McColgan , Lorrie Odom , Maxwell WhittingtonCooper , Mary Jo Mecca , Rosemary Howard
Director:
Writer:
Country: United States of America
Release: 2023-05-19
Duration: 94 Min
Quality: HD
Rating: 0
4
Copyright 2024