to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Stuff and Dough
မိဘတွေကို အိမ်ဆိုင်ဖွင့်ကူရင်း တောက်တိုမယ်ရလုပ်ပြီး နေထိုင်နေတဲ့ အိုဗီဒူဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ်။ အိုဗီဒူက မိဘတွေနဲ့ အိမ်ခွဲနေပြီး သူ့ရဲ့ကိုယ်ပိုင်ဈေးဆိုင်လေးကို ဖွင့်ချင်တာ။ ဒီလိုဖွင့်ဖို့ကလည်း အရင်းအနှီးတစ်ခုကတော့ လိုနေတာမလို့ အကြံအစည်ကိုအကောင်အထည်မဖော်နိုင်သေး ဖြစ်နေတယ်။တစ်ရက်မှာတော့ အိုဗီဒူကို အဖိုးကြီးတစ်ယောက်က ၃ ၊ ၄ နာရီပဲမောင်းရမယ့် ခရီးတစ်ခုအတွက် မြိုးမြိုးမြက်မြက်ပေးဖို့ ကမ်းလှမ်းလာတယ်။ ဒီအလုပ်ကတော့ အိုဗီဒူတို့မြို့ကနေ တခြားမြို့ကို ပစ္စည်းပို့ပေးရမှာပါ။ နဂိုကတည်းက ပိုက်ဆံအချီကြီးရဖို့ စောင့်မျှော်နေတဲ့ အိုဗီဒူလည်း ဂွင်တွေ့သွားပြီ သူငယ်ချင်းအတွဲဖြစ်တဲ့ ဗာလီနဲ့ ဘက်တီ တို့ကိုခေါ်ပြီး ဗန်ကားလေးတစ်စီးနဲ့ ဘူကာရက်စ်မြို့ကနေထွက်ခွာလာခဲ့တယ်။ထုံးစံအတိုင်း လမ်းရောက်တော့မှ သယ်လာရတဲ့ပစ္စည်းတွေဟာ သာမန်ပစ္စည်းတွေမဟုတ်မှန်း သိလိုက်ရတဲ့နောက်မှာတော့ အိုဗီဒူတို့သူငယ်ချင်းသုံးယောက် လမ်းခရီးမှာ ဘယ်လိုအခက်အခဲတွေဆက်တွေ့ပြီး ခရီးဆုံးအောင် ဘယ်လိုဆက်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
Genre: Crime , Drama
Actor: Dragos Bucur , Ioana Flora , Răzvan Vasilescu , Doru Ana , Alexandru Papadopol , Luminia Gheorghiu , Constantin Drgnescu
Director:
Writer:
Country: Romania
Release: 2001-06-01
Duration: 90 Min
Quality: HD
Rating: 0
6.69
Copyright 2024